၁၆ မေ၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဆိုဖာစက်ရုံမှာ အ လုပ်အတူလုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို မြန်မာအမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာကြောင့်အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
မေလ ၁၁ ရက်နေ့လယ် ၁ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပြုကျင့်ခံရသူဟာ အသက်၂၇ နှစ်အရွယ်ရှိပြီး နေထိုင်ရာအခန်းမှာ တဖက်သတ်ကြိုက်နေသူ အမျိုးသားက အဓမ္မ ပြုကျင့်ကာ ထွက်ပြေးသွားခဲ့တာလို့ ကူညီပေးနေတဲ့အဖွဲ့က အသိပေးထားပါတယ်။
အဓမ္မပြုကျင့်ခံရမှုကြောင့် အမျိုးသမီးအင်္ဂါမှာ စိုးရိမ်ရဒဏ်ရာနဲ့ ဘန်ကောက်မြို့က လွမ်ဖော့ထဝီစတ် ချုတင်ထရို အုထစ်ဆေးရုံကြီးမှာ ခွဲစိတ်မှုပြုလုပ်ကာ အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
နစ်နာသူအမျိုးသမီးရဲ့မိသားစုဝင်တွေက အမှုလိုက်ပါကူညီဆောင်ရွက်ပေးဖို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ (M.H. A.C) မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာတယ်လို့ အသိပေးထားပါတယ်။
ကျူးလွန်သူကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် နစ်နာသူမိသားစုဝင်များက ဘန်ကောက်မြို့၊ ဘန်ဘောအမှတ် (၅)နယ်မြေ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
ပုံစာ – မိသားစုဝင်များက ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားနေစဉ်