ဘန်ကောက်မှာ မြန်မာအဆိုတော်တွေ ပါ ဝင်မယ့် ဖျော်ဖြေပွဲကို ပြည်သူတွေအနေနဲ့ Boycott ပြုလုပ်တာကြောင့် ပွဲဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖျော်ဖြေပွဲကို မနက်ဖြန် နိုဝင်ဘာ ၁ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Spicy Clubမှာ ပြုလုပ်မှာဖြစ်ပြီး အဆို တော် ရွှေထူး၊ အုပ်စိုးခန့်၊ ချမ်းမြေ့မောင်ချို၊ Timmy တို့ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြည်သူတွေက ပွဲစီစဉ်သူ BKK Kaung Pyae Car Showroom ကို Boycott လုက်တာကြောင့် ပွဲဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ စီစဉ်သူကိုကောင်းပြည့်လွင်ဆိုသူက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
“ကျွန်တော့် ဆိုင်ကို BC လုပ်ဖို့ တင်ထားတာ တွေ့လို့တောင်းပန်ချင်လို့ပါ ခင်ဗျာ။ ကျွန်တော့်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ ကျွန်တော် ပြောပြချင်တာကတော့ ဒီပွဲ လုပ်တယ်ဆိုတာက ဘယ်သူ့က်ိုမှ ထိခိုက်နစ်နာစေလိုခြင်း မဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင်လည်း လူငယ် တစ်ယောက် ဖြစ်သော ကြောင့်ပျော်ရွှင်မှု့ကို နှစ်သက်တာရယ် လူအချို့ကို ပျော်စေချင်တာရယ်ကြောင့်ပါ။ ဒီပွဲ ကြောင့် စိတ်အနှောက်ယှက် သို့မဟုတ် ထိခိုက်မှုတစ် စုံတရာ ဖြစ်စေခဲ့ပါက BKK Kaung Pyae Car Showrrom မှ အနူးအညွတ် တောင်းပန်ပါတယ်။”လို့ ကိုကောင်းပြည့်လွင်က ရေးသားမျှဝေထားပါတယ်။
ဒါအပြင်ဖော်ဖြေပွဲစီစဉ်ခဖြတဒ့အမှားအတွက် ၎င်းအနေနဲ့ အနူးအညွတ် တောင်းပန်ကြောင်းနဲ့ လွဲမှားခဲ့တာကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့အခြေနေ ဖြစ်လာဖို့ ကြိုးစားသွားမယ်လို့ ရေးသားထားပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရုံတင်ပြသနေတဲ့ ဗြောသံရုပ်ရှင်ဇာတ်ကားကို Boycott ပြု လုပ်မှု အောင်မြင်နေပြီး အဲဒီဇာတ်ကားအပါ စစ်ကောင်စီထောက်ခံတဲ့ အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့ကိစ္စတွေကို လုပ် ဆောင်ပေးနေတဲ့ ဆိုင်တွေ ၊ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်သွားမယ်လို့ Fake News Check Community (Fncc) Burmaက သတိပေးထားပါတယ်။
ပုံစာ-ဖျက်သိမ်းလိုက်တဲ့ ဖျော်ဖြေပွဲကြေညာပိုစတာ။ (BKK Kaung Pyae)


