Homeပြည်တွင်းသတင်းဘန်ကောက်မြို့Vajira ဆေးရုံရဲ့ရှေ့ မြေပြိုကျတဲ့ဖြစ်စဉ်ကြောင့် ဆေးရုံလူနာတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းထား

ဘန်ကောက်မြို့Vajira ဆေးရုံရဲ့ရှေ့ မြေပြိုကျတဲ့ဖြစ်စဉ်ကြောင့် ဆေးရုံလူနာတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းထား

၂၄ စက်တင်ဘာ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Vajira ဆေးရုံရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ပြင်းထန်တဲ့ မေပြိုကျတဲ့ဖြစ်စဉ်ဖြစ်ပွားအပြီးမှာ ဆေးရုံလူနာတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းထားပြီးဖြစ်တဲ့အပြင် ဖြစ်စဉ်အနီးတဝှက် လမ်းအချို့ကိုလည်း ယာယီပိတ်ထားလိုက်ပြီတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

လတ်တလောအခြေအနေမှာ ဗာဂျီရာ (Vajira) လမ်းဆုံက‌နေ ဆန်ဂီ (Sanghi) လမ်းဆုံနဲ့ အနီးတစ်ဝိုက်က လမ်းပေါ်မှာယာဉ်အသွားအလာများကို ပိတ်ထားပြီး၊

ဖြစ်စဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

မြေပြိုကျမှုအနီးအနားရှိတဲ့Vajira ဆေးရုံ က လူနာတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားတယ်လို့ The Nation သတင်းကလည်း ဖော်ပြထားပါတယ်။

ဘန်ကောက်အုပ်ချုပ်ရေးမှူး ချဒ်ချပ် စစ်တီပန့် (Chadchart Sittipunt)က မြေကျွံကျမှုဟာ မြေအောက်ရထားဘူတာရုံအသစ်အတွက် ဆောက်လုပ်ရေးနေရာဥမင်လိုဏ်ခေါင်းပေါက်တာကြောင့် ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေကို ပြောကြားပါတယ်။

ဒီမြေပြိုကျတဲ့ ဖြစ်စဉ်ဟာ လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး၊ ပျံ့နှံ့လာတဲ့ ဗွီဒီယိုအရ မြေကျွံကျမှုဟာ လမ်းတစ်ခုလုံး အ ကျယ်အဝန်းကို ထိခိုက်နေပြီး ကားတစ်စီးဟာမတ်စောက်တဲ့ မြေသားအစွန်းမှာ ပြုတ်ကျဆဲ တည်းတည်းကျန်ရှိနေတာကိုတွေ့မြင်ရပါတယ်။

ဓာတ်ပုံ -The Nation

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး