Homeပြည်တွင်းသတင်းဘန်ကောက်မြို့ အထပ်မြင့်တိုက်ပြိုကျမှုဖြစ်စဉ်မှာ မြန်မာလုပ်သား၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ဘန်ကောက်မြို့ အထပ်မြင့်တိုက်ပြိုကျမှုဖြစ်စဉ်မှာ မြန်မာလုပ်သား၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ဇူလိုင် ၂၀၂၅

ဘန်ကောက်မြို့ မင်ဘူရီနယ်မြေ၊ နိမစ်မိုင်လမ်းက ဆောက်လုပ်နေဆဲ အထပ်မြင့်တိုက် တစ်လုံး မနေ့က ဇူလိုင် ၆ ရက် ည ၈ နာရီအချိန် ပြိုကျခဲ့တဲ့ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရတဲ့လုပ်သားတွေထဲ မြန်မာလုပ်သား ၇ ဦး ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပွားတဲ့နေရာမှာ လုပ်သား ၁၆၀ နီးပါး အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး၊ လုပ်သား ၁၂ ဦး ဒဏ်ရာရခဲ့တဲ့အထဲ ၇ ဦးဟာ မြန်မာလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရရာရခဲ့တဲ့ လုပ်သား ၁၂ ဦးမှာမြန်မာဋလုပ်သား ၇ ဦး၊ ကမ္ဘောဒီးယားလုပ်သား ၃ ဦးနဲ့ ထိုင်းလုပ်သား ၂ ဦးပါဝင်တယ်လို့ဆိုပါတယ်။

ဒဏ်ရာရခဲ့သူတွေဟာလက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး၊ သက်ဆိုင် ရာ ဆေးရုံကို ပို့ဆောင်ထားပြီး၊ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်အတွက် သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က ဆေးမှုခင်းဖွဲ့နဲ့အတူ ဒီနေ့ ဇူလိုင် ၇ ရက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး