Homeနိုင်ငံတကာသတင်းဘန်ကောက်တွင် သေနတ်သမားတဦး လူ ၄ ဦးကို ပစ်သတ်ပြီး မိမိကိုကိုယ် အဆုံးစီရင်

ဘန်ကောက်တွင် သေနတ်သမားတဦး လူ ၄ ဦးကို ပစ်သတ်ပြီး မိမိကိုကိုယ် အဆုံးစီရင်

၂၈ ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Chatuchak မြို့နယ်အတွင်းရှိ Or Tor Kor ဈေးအနီး တွင် အမည်မသိ သေနတ်သမားတစ်ဦး သေနတ်ဖြင့် လူ ၄ဦးကို ပစ်သတ်ခဲ့ပြီးနောက် မိမိကိုကိုယ်အဆုံးစီရင်သွားပြီလို့သိရပါတယ်။

အဲဒီသေနတ်သမားဟာ ထိုင်းနိုင်ငံ နခွန်ရာ့ခ်ျခရိုင်မှာ‌နေထိုင်တဲ့ အသက် ၆၁ အရွယ်အမျိုးသားတဦးဖြစ်တယ်လို့ ကနဦး သိထားရပါတယ်။

သေနတ်သမားဟာ ဒီကနေ့ ဇူလိုင်၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီးနောက် မကြာခင်မှာ ‌သူ့ကိုင်ဆောင်တဲ့ သေနတ်နဲ့ဘဲ အဲဒီဈေးအတွင်းထိုင်ခုံတခုမှာဘဲ ပစ်ပြီးအဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး