၁၁ ဧပြီ၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က ငလျင်လှုပ်လို့ ပြိုကျခဲ့ရတဲ့ ဆောက်လုပ်ဆဲ စာရင်းစစ်ရုံးအဆောက်အဦ ဘီဇုန်မှာ အသက်ရှင်လျှက်ကျန်ရှိနိုင်တဲ့သူရဲ့ ဖုန်းအချက်ပြမီးကို ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆောက်အဦပြိုကျပြီး
၁၄ရက်အကြာမှာ အခုလို အသက်ရှင်ကျန်ခဲ့သူရဲ့ ဖုန်းအချက်ပြမီးကို တွေ့ရှိခဲ့တာဖြစ်ပြီး ရေဒါကနေ
အသက်ရှင်သူ ၂ ဦး ဒါမှ မဟုတ် ၃ဦးရဲ့ ပုံရိပ်တွေကို ဖမ်းယူရရှိခဲ့ပြီး အသက်ရှင်လျှက် ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်ဟာ (၉၀)ရာခိုင်နှုန်းအထိ ရှိတယ်လို့ လည်း သိရပါတယ်။
ဖုန်းအချက်ပြမီးတွေ့ရှိထားတဲ့ လိုဏ်ခေါင်းဝကိုစစ်ဆေးပြီး အမြန်ဆုံး ဖွင့်လှစ်ပြီး ကယ်ဆယ်ရေးကြိုးစားနေတယ်လို့လည်း သိရပါတယ်။
ဆောက်လုပ်ဆဲ စာရင်းစစ်အဆောက်အဦပြိုကျမှု ဖြစ်စဥ်အတွင်း သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးနေသူ ၁ဝ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦး ရှိတယ်လို့ထိုင်းကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြိုကျခဲ့တဲ့အဆောက်အဦအတွင်းမှာ မြန် မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိခဲ့တယ်လို့ သိရပါတယ်။