Homeပြည်တွင်းသတင်းဘန်ကာပီမှာ ဖုန်းလုတဲ့ မြန်မာနှစ်ဦးကို ထိုင်းရဲများ ဖမ်းဆီးရမိ

ဘန်ကာပီမှာ ဖုန်းလုတဲ့ မြန်မာနှစ်ဦးကို ထိုင်းရဲများ ဖမ်းဆီးရမိ

၅ နိုဝင်ဘာ၊ ၂၀၂၄

Lat Phrao ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အိုင်ဖုန်း ၁၃ အဖြူရောင်ကို ဓားနဲ့ထောက်ပြီး လုယက်သွားတဲ့ ဖြစ်စဉ်က မြန်မာလူမျိုး တရားခံနှစ်ဦးကို နိုဝင်ဘာ ၄ ရက်က ဖမ်းဆီးရမိပါတယ်။

လုယက်မှုမှာ အောက်တိုဘာ ၃၁ ရက်၊ ည ၁၀နာရီခွဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဘန်ကောက်မြို့၊ ဘန်ကာပီဒေသ၊ ကလုန်ချန်းလမ်းဆုံအနီးက Saen Saeb တူးမြောင်းဘေးက လူသွားလမ်းလေးမှာ ဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာက စီစီတီဗွီကို ခြေရာခံတဲ့အခါ သူတို့ မြန်မာစကားပြောဆိုနေတာကို တွေ့ရပြီး ဘယ်သူဘယ်ဝါကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်နဲ့ ၂၇ နှစ်အရွယ် တရားခံနှစ်ဦးလုံးကလည်း လူအများရှေ့မှာပြတဲ့ စီစီတီဗွီမှတ်တမ်းကို မြင်ရတဲ့အခါ ဝန်ခံခဲ့ပြီး လုယက်မှုကို အတူတူ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံပါတယ်။

လုယက်မှုကို ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပြီး လက်ရှိတရားခံတွေက Lat Phrao ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

Photo : Khaosod

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး