Homeပြည်တွင်းသတင်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ICT တရားရုံးကသေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ICT တရားရုံးကသေဒဏ်ချမှတ်

၁၇ နိုဝင်ဘာ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံံးရုံး ICT ကနေ နိုဝင်ဘာလ ၁၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။

အဲ့ဒီတရားရုံကနေ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း အာဆာဒူဇာမန်ခန်း ကမယ် တို့ကို သေဒဏ်ချမှတ်ခဲ့ပြီး IGP ရဲချုပ်ဟောင်း ချောင်ဒူရီ အဗ္ဗဒူလာ အယ်မာမွန် ကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံံးရုံး ICT ကနေ ဝန်ကြီးချုပ်ဟောင်းတဦးကို ပထမဆုံးသေဒဏ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။

သူတို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ သြဂုတ်လအထိ ကျောင်းသားအုံကြွမှုမှာ ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ အမိန့်ပေးခဲ့တာနဲ့ လူသေစေမှုတွေအတွက် ဦးတည်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစီရင်ခံရသူ ၃ ယောက်ဟာ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ နဲ့ သေစေနိုင်တဲ့ လက်နက်တွေ သုံးဖို့ အမိန့်ပေးတာ၊ သတ်ဖြတ်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ မီးရှိုးမှုတွေကို အမိန့်ပေးခဲ့တယ်လို့ တရားရုံးက တွေ့ရှိတာကြောင့် ခုလို သေဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး