Homeနိုင်ငံတကာသတင်းဗုဒ္ဓဝင်စားတယ်လို့ နာမည်ကြီးတဲ့ ဗုဒ္ဓကောင်လေးကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ဗုဒ္ဓဝင်စားတယ်လို့ နာမည်ကြီးတဲ့ ဗုဒ္ဓကောင်လေးကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်

၃ ဇူလိုင်၊ ၂၀၂၄

နီပေါနိုင်ငံမှာ ဗုဒ္ဓဝင်ဝင်စားတဲ့သူဆိုပြီး လူအများက ယုံကြည်ကိုးကွယ်နေတဲ့ ဘန်းဂျွန်ကို တနင်္လာနေ့ ဇူလိုင် ၁ ရက် မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ဘန်းဂျွန်ကို ဆယ်ကျော်သက်အရွယ်က နီပေါနိုင်ငံအရှေ့တောင်ပိုင်း သစ်တောထူထပ်တဲ့ တောထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ ၁၀ လနီးပါးကြာ တင်ပျဉ်ခွေထိုင်ပြီး တရားကျင့်မှတ်နေတဲ့အချိန်မှာ ဒေသခံတွေ မြင်သွားကြပြီး သတင်းတွေ ပြန့်လာခဲ့ပါတယ်။ ဒီအချိန်ကစပြီး သူကို “ဗုဒ္ဓကောင်လေး” လို့ နာမည်တွင်လာခဲ့ပြီး ပြည်တွင်းပြည်ပမှာ နာမည်ကြီးလာခဲ့ပါတယ်။

နီပေါနိုင်ငံတောင်ပိုင်း ဆာလာဟီခရိုင်တရားရုံးရဲ့ အမိန့်အရ ဘန်းဂျွန် ၃၃ နှစ်ကို ထောင်ဒဏ် ၁၀ နှစ်နှင့် နစ်နာသူကို ဒေါ်လာ ၃၇၅၀ နစ်နာကြေးပေးဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘန်းဂျွန်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ခတ္တမန္ဒူမြို့ပြင်က အိမ်တစ်အိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘန်းဂျွန်ရဲ့ ယုံကြည်သူတွေက သူ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က နီပေါနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သိဒ္ဓတ္ထဂေါတမ ဝင်စားတဲ့သူလို့ ယုံကြည်ခဲ့ကြပြီး “ဉာဏ်အလင်းရသူ” လို့လည်း နာမည်ကြီးခဲ့ပါတယ်။

အမှုအသေးစိတ်ကို မသိရပေမယ့် ဘန်းဂျွန်ရဲ့ ရှေ့နေကတော့ အယူခံဝင်သွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read