Homeပြည်တွင်းသတင်းဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံမှုသက်သေပြ သေနတ်မှာ ကစားစရာသေနတ််််််သာဖြစ်

ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံမှုသက်သေပြ သေနတ်မှာ ကစားစရာသေနတ််််််သာဖြစ်

ဇွန် ၊ ၂၀၂၅

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုအတွက် စစ်ကောင်စီဖက်က ထုတ်ပြန်ထားတဲ့ သက်သေအဖြစ်ပြသထားတဲ့ သေနတ်ဟာ ကစားစရာသေနတ် (Airsoft Gun) ဖြစ်ကြောင်း စစ်လက်နက်အကြောင်းဖော်ပြတဲ့ Tactical Raptor စာမျက်နှာက ဇွန်လ ၈ ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။

ဖော်ပြချက်အရ ထုတ်ပြသထားတဲ့ သေနတ်ဟာ CO2 Gas Airsoft Gun အမျိုးအစားဖြစ်ပြီး၊ ကျည်ကဒ်အတွင်းကော်စေ့တွေ ထည့်ပြီး CO2 ဓာတ်ငွေ့အားနဲ့ပစ်ခတ်တဲ့ ကစားစရာသေနတ်သာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

“ကျည်ကဒ်မှာ သတ္တုရောင် cylinder လေးတစ်ခုပါနေတာ တွေ့ရမှာပါ။ ဒါက CO2 catridge တစ်ခုဖြစ်ပြီး CO2 gas ထည့်ပစ်ရတဲ့ airsoft ကစားစရာသေနတ်တွေမှာ သုံးတာဖြစ်ပါတယ်။

ကျည်ကဒ်ထဲမှာ ကော်စေ့လေးတွေထည့်ရတယ်။ Cylinder ထဲမှာထည့်ထားတဲ့ CO2 gas တွန်းအားနဲ့ ကော်စေ့ကို ပစ်တယ်၊ မောင်းပြန်စေပါတယ်။ Airsoft gun တွေက ကစားစရာအရုပ်‌သေနတ်ဆိုပေမယ့် လူကြီးတွေမှာ ဝါသနာအဖြစ် စုဆောင်းတာ၊ ကစားပွဲတွေလုပ်တာ၊ အချို့ စစ်တပ်တွေမှာ လေ့ကျင့်ရေးအတွင်း သုံးကြပါတယ်။”လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကိုချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုအတွက် လူ ၁၃ ဦးအပါအဝင် ၆ နှစ်အရွယ်ကလေးတစ်ဦးကိုပါ ဖမ်းဆီးထားပါတယ်။

လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ယူကြေညာထားတဲ့ Golden Valley Warriors အဖွဲ့က “တပ်ဖွဲ့ဝင်များသည် လုံခြုံမှုရှိနေပြီး၊ ဖမ်းဆီးခံရသူများသည်အရပ်သားများသာဖြစ်ကြောင်း” ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး