Homeပြည်တွင်းသတင်းဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့ရဲ့သား နှစ်ဦးကို အမေရိကန်ကပိတ်ဆို့အရေးယူ

ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့ရဲ့သား နှစ်ဦးကို အမေရိကန်ကပိတ်ဆို့အရေးယူ

မေ၊ ၂၀၂၅

အမေရိကန်က ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့ရဲ့သား နှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး နဲ့ စောချစ်ချစ်ကို ပိတ်ဆို့အရေးယူလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဆိုက်ဘာလိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကို ထောက်ပံ့ကူညီမှုတွေကြောင့် ပိတ်ဆို့အရေးယူတာ ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကထုတ်ပြန်ထားပါတယ်။

ထို့ပြင် KNA ပါဝင်လုပ်ကိုင်နေတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ရရှိစေပြီး၊ လိမ်လည်ခံရတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ ခက်ခက်ခဲခဲ ရရှိထားငွေတွေ ဆုံးရှုံးခဲ့ရတယ်” လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Michael Faulkender က ပြောပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းက ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စောချစ်သူထိန်းချုပ်ထားတဲ့ မြန်မာ – ထိုင်းနယ်စပ်မှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်းများစွာရှိနေသလို နိုင်ငံပေါင်းစုံက လူကုန်ကူးခံထားရတဲ့ နိုင်ငံသားတွေကလည်း အများကြီးရှိနေပါတယ်။

ဒါ့အပြင် ပြည်တွင်းကမြန်မာလုပ်သားတွေကိုလည်း အလုပ်အကိုင်ရှားပါးတာကိုအခွင့်ကောင်းယူကာ လစာမက်လုံးပေးပြီး လုပ်သားစုဆောင်းနေတာတွေလည်း ရန်ကုန်မြို့မှာ ရှိပါတယ်။

၎င်းတို့ဟာ ရန်ကုန်မြို့ရဲ့မြို့လယ်ခေါင်မှာ ရုံးခန်းသေချာဖွင့်ပြီး လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read