ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းမှာလေဆင်နှာ မောင်းတိုက်လို့ ရန်ကုန်မြစ်ထဲမှာ တိမ်းမှောက်သွားတဲ့ သဗ္ဗာန်ကနေ ပျောက်ဆုံးနေတဲ့သူ ၃ ဉီးထဲကနေ ၂ ဉီးရဲ့ ရုပ်အ လောင်းတွေကို မနေ့က ဇူလိုင် ၂၅ ရက်ညပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပြန်လည်တွေ့ရှိတဲ့ ရုပ်အလောင်းနှစ် လောင်းဟာ အမျိုးသားတွေဖြစ်ပြီး၊ သဗ္ဗာန်မောင်းတဲ့ ဦးမြင့်ဆွေဆိုသူနဲ့ခရီး သည်အမျိုးသားရဲ့ ရုပ်အလောင်းဖြစ်တယ်လို့ သိရပါတယ်။ကျန်ခရီးသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
“စက်လှေတွေနဲ့တော့ ရေစီးလမ်းကြောင်းတွေအတိုင်းရှာဖွေနေကြတာ။ နှစ်ဉီးတော့တွေပြီ၊ ယောင်္ကျား လေးတွေပါ၊ မိန်းကလေးတစ်ယောက်က မတွေ့သေးပါဘူး။”လို့ ဗိုလ်တထောင်ဆိပ်ကမ်းအနီးမှာ ဈေးရောင်းချသူတစ်ဦးက ဆိုပါတယ်။
လတ်တလော ပြန်တွေ့တဲ့ အမျိုးသားရုပ်အလောင်းနှစ်လောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပိုဆောင်ခဲ့တယ်လို့ ကိုပူတူးနဲ့ဘော်ဒါများ လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ရက် ဇူလိုင် ၂၃ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်တဲ့ဖြစ်စဉ်မှာ ရန်ကုန်မြစ်အတွင်း သဗ္ဗာန်နစ်မြုပ်ခဲ့သလို ဆိပ်ကမ်းမှာရှိတဲ့ကွန်တိန်နာပုံး သိမ်းဆည်တဲ့ဝန်းနဲ့ ကွန်တိန်နာ ကားအချို့ လဲကျပျက်စီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – ArrPuu Tuu


