ပြည်ထောင်စုတည်ဆောက်ရေးမှာ ဗမာလူမျိုးတွေဟာလည်း တိုင်းရင်းသားလူ မျိုးတစ်မျိုးဖြစ်တာကြောင့် ဗမာပြည် နယ်ယူရမယ်လို့ ဗမာ့တပ်တော်(Bamar Army -BA)ရဲ့ ပေါ်လစီမူဝါဒမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင် ဗမာတပ်တော်ကို (ဗမာလူမျိုးစုတပ်တော်)လို့ ရေးသားထားတာကို တွေ့ရှိရပြီး ဒီဗမာ့တပ်တော်ကို လူငယ် ပညာ တတ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
မနေ့က ဇန်နဝါရီလ ၁ရက်နေ့မှာ ဗမာ့တပ်တော်ရဲ့ နှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို တော်လှန်ရေးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြပြီး အာရက္ခတပ်တော်(AA)တပ်မှူးအချို့တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဗမာ့တပ်တော်(Bamar Army -BA)ရဲ့ကြေညာချက်အမှတ် (၁/၂ဝ၂၅)မှာ ဖော်ပြထားချက်အရ မြန်မာ့သမိုင်းတွင် အာဏာရှင်များသည် ပင်လုံလမ်းစဉ်ကိုအခြေခံပြီး ပြည်နယ်သစ်များနှင့် ဗမာပြည်နယ်ပေါ်ထွန်းလာမည်ကို မနှစ်မြို့ဘဲ ၎င်းတို့စိတ်ကြိုက် အာဏာတည်ဆောက်နိုင်ရန်အတွက် နယ်မြေအခြေပြု ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ဖန်းတီးကာ ဗမာလူမျိုးကြီးစိုးရေးကို အကောင် အ ထည်ဖော်ခဲ့ကြပြီး တိုင်းရင်းသားများရဲ့ တန်းတူအခွင့်အရေးတွေကိုမျက်ကွယ်ပြုကာ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမျိုးရေအရ ဖိနှိပ်ချုပ်ချယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ပြည်နယ်သစ်တွေနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေပေါ်ထွန်းလာပါက ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်မှာကြောင့် ပင်လုံလမ်းစဉ်ကို ကွယ်ပျောက်သွားဖို့ နည်းအ မျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်လာခဲ့ တယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ- Bamar Army -BA


