Homeပြည်တွင်းသတင်းဗန်းမော် ထီးလင်း–ကောင်းဂျာရွာကို စစ်ကော်မရှင် ဗုံးကြဲ၊ ကလေးငယ်အပါ အနည်းဆုံး ၁၈ ယောက်သေဆုံး

ဗန်းမော် ထီးလင်း–ကောင်းဂျာရွာကို စစ်ကော်မရှင် ဗုံးကြဲ၊ ကလေးငယ်အပါ အနည်းဆုံး ၁၈ ယောက်သေဆုံး

၂၃ ဇန်နဝါရီ ၂၀၂၆

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေ နေထိုင်ရာ ထီးလင်း–ကောင်းဂျာကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၈ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်လည်း ဆက်ပြီး တိုးလာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေ အဆိုအရ သေဆုံးသူ ၁၈ ယောက်အပြင် ထိခိုက်ဒဏ်ရာရသူ ၂၈ ယောက်ရှိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာလည်း ဒဏ်ရာရသူ ၂ ယောက် ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေသခံတွေဟာ အောက်မေ့သတိရ ဆုတောင်းဖို့ ပြင်ဆင်နေကြချိန်ဖြစ်ပြီး လူစုလူဝေးရှိနေတဲ့အချိန်ကို ရွေးပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို လိုင်ဇာ ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေပြီး KIO/KIA ဘက်ကလည်း ပြည်သူတွေကို လူစုလူဝေး မလုပ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

#ဗန်းမော်မြို့#ဗုံးကြဲတိုက်ခိုက်#ကလေးငယ်#သေဆုံး#ထိခိုက်#ထပ်မံမြင့်တက်#NewdayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး