Homeပြည်တွင်းသတင်းဗန်းမော်လေဆိပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်

ဗန်းမော်လေဆိပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်

၂၇ ဇန်နဝါရီ၊ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်လေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ ဗန်းမော်လေဆိပ်ထဲကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ လေဆိပ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့သတင်းကို KIA ဘက်က အတည်ပြုခြင်းမရှိသေးဘဲ ရှေ့တန်းသမားတွေ ဝင်စီးထားပြီး အပြီးသတ်နိုင်ဖို့တော့ လိုသေးတယ်လို့ သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

ဗန်းမော်လေဆိပ်ကို သိမ်းပိုက်နိုင်မှုဟာ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်တဲ့လေးခုမြောက် လေဆိပ်ဖြစ်လာမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ သံတွဲလေဆိပ်နဲ့ အမ်းလေဆိပ် ကို အာရက္ခတပ်တော် (အေအေ)က သိမ်းပိုက်ထားပြီး လားရှိုးလေဆိပ်ကို ကိုးကန့်တပ်တို့က သိမ်းပိုက်ထားပါတယ်။

ဇန်နဝါရီလ ၂၅ ရက်က စစ်ကောင်စီရဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းက တင့်ကား ၄ စီးကို KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကစလို့ ဗန်းမော်မြို့ပေါ်မှာ အရပ်သားတွေမနေထိုင်ကြဖို့အတွက် KIA က သတိပေးထားပြီး ဒေသခံအကုန်လုံးနီးပါး နေရပ်စွန့်ခွာလာကြပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – ဗန်းမော်လေဆိပ်မှာ KIA နဲ့တော်လှန်ရေးတပ်တွေကို တွေ့ရပုံ

ဓာတ်ပုံ – Citizen

ဆက်စပ် သတင်းများ

Most read