ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် ၃ စီးကို KIA/PDF ပူးပေါင်းတပ်တွေက မေလ ၂၀ ရက် မွန်းလွဲ ၁ နာရီကျော်က ပစ်ချခဲ့ရာ ၂ စီးထိမှန်ပြီး ၁ စီးပေါက်ကွဲ ပျက်ကျခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေ ထံံကသိရပါတယ်။
မြစ်ကြီးနား နန့်ပေါင် လေတပ်ကနေ ဗန်းမော် စစ်မျက်နာဘက် ရဟက် ၃ စီး ဖြင့် စစ်ကူလာပို့ တာဖြစ်ပြီး ၁ စီးထိမှန်ပေါက်ကွဲခဲ့သလို ၁ စီးက ထိခိုက်ပြီး ၁ စီးက ရွှေကူမြို့ဘက်ကို အရေးပေါ်ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့တယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သတင်းဌာနတွေကို အတည်ပြု ပြောကြားထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ပြီးတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စတင်နေတာဖြစ်ပြီး တိုက်ပွဲစတင်ပြီး ၅ လကျော် ကြာမြင့်ချိန်မှာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက နယ်မြေအများအပြား ကို ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။
ပုံစာ – ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က ပစ်ချခဲ့သော စစ်ရဟတ်ယာဉ်
ဓါတ်ပုံ-CJ