ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ကိုအမေရိကန်က ဖမ်းဆီးခဲ့တဲ့လုပ်ရပ်အပေါ် တုန်လှုပ်တဲ့အပြင် ကန့်ကွက်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာတော့ အချုပ်အခြာအာဏာရှိ နိုင်ငံတစ်ခုအပေါ် အမေရိကန်က အင်အားသုံးမှုနဲ့သမ္မတအား တိုက်ရိုက်ဖမ်းဆီးတဲ့အပေါ် အလွန် တရာတုန်လှုပ်တာဖြစ်တယ်လို့ ပြောဆိုထားတာပါ။
ဒါ့အပြင် တရုတ်က ဒီလုပ်ရပ်ဟာနိုင်ငံ တကာဥပဒေနဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ထင်ရှားစွာ ချိုးဖောက်လိုက်တာဖြစ်တယ်လို့လည်း စွပ်စွဲထား ပါသေးတယ်။
ဒါဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ဖောက်ဖျက်တဲ့အပြင် ဗင်နီဇွဲလားရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေကာ လက်တင်အမေရိကနဲ့ကာရေဘီယံဒေသ ရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုပါ ခြိမ်း ခြောက်လာနေတယ်လို့ သတိပေးထားပါ
သေးတယ်။
အမေရိကန် တိုက်ခိုက်မှုမတိုင်ခင်မှာ သမ္မတ မာဒူရိုဟာ ဇန်နဝါရီလ ၂ရက်က တရုတ်နိုင်ငံရဲ့ လက်တင်အမေရိကနဲ့ ကာရေဘီယံရေးရာ အထူးကိုယ်စားလှယ် ကျိုရှောင်ချီ၊ ကာရာကက်စ်မြို့မှာရှိတဲ့သမ္မတနန်းတော်မှာတွေ့ဆုံခဲ့ပြီး ဗင်နီဇွဲလားဆိုင်ရာ တရုတ်သံအမတ်နဲ့ အကြီးတန်း သံတမန်အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါသေးတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ မနေ့က ဇန်နဝါရီ ၃ရက်မှာ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က စစ်ဆင်ရေးတစ်ခုအသွင်နဲ့ ဝင်ရောက်တိုက်ခိုက်ပြီးတော့ သမ္မတမာဒူရိုကိုလည်း လက်ရဖမ်းဆီးခဲ့တာဖြစ်တယ်လ်ု့ သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ကြေညာထားပါတယ်။


