Homeပြည်တွင်းသတင်းဖြူးမှာ စစ်ကောင်စီကပစ်လိုက်တဲ့ လက်ကြီးထိမှန်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

ဖြူးမှာ စစ်ကောင်စီကပစ်လိုက်တဲ့ လက်ကြီးထိမှန်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

၂၈ ဒီဇင်ဘာ၊၂၀၂၄

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်ကြီးထိမှန်ပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ -စစ်ဒေသခွဲ က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။

ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ‌(၂)ဦးမှာ နေရာတွင် သေဆုံးခဲ့ရပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ယနေ့ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်လည်း အကြမ်းဖက်‌စစ်ကောင်စီမှလက်နက်ကြီးများ၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာတွေမှ အရပ်သား ပြည်သူတွေနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင်လည်း စစ်ကောင်စီရဲ့ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်း မြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – တောင်ပိုင်းစစ်ဒေသ အမှတ် ၂ -စစ်ဒေသခွဲ

ဆက်စပ် သတင်းများ

Most read