Homeပြည်တွင်းသတင်းဖေ့စ်ဘွတ်ခ်ကို ၁၅၀ ဘီလီယံ လျော်ကြေးတောင်းတဲ့အမှုအတွက် ရိုဟင်ဂျာတွေ အယူခံတင်

ဖေ့စ်ဘွတ်ခ်ကို ၁၅၀ ဘီလီယံ လျော်ကြေးတောင်းတဲ့အမှုအတွက် ရိုဟင်ဂျာတွေ အယူခံတင်

၆ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် Meta (Facebook)ကို တရားစွဲဆို နစ်နာကြေးတောင်းဆိုတဲ့အမှု ပယ်ချခံရပြီး ရိုဟင်ဂျာတွေက အယူခံထပ်တင်သွင်းပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်စေမှုကို ပိုမိုဆိုးဝါးစေတဲ့ အမုန်းစကား ဖော်ပြမှုတွေကို တားမြစတားမြစ်ထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုတဲ့ စွဲဆိုချက်နဲ့ Meta(facebook နဲ့ instagram) ပလက်ဖောင်းကို ရိုဟင်ဂျာဒုက္ခသည်တွေက နစ်နာကြေး ၁၅၀ ဘီလီယံ တောင်းဆိုခဲ့ပြီး ပယ်ချခံရလိုက်ရပါတယ်။

ရိုဟင်ဂျာတွေ မှားယွင်းသတ်ဖြတ်ခံရတာ၊ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်နာကျင်ရတာ၊ ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးရတာ စတဲ့ နစ်နာမှုအတွက် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရလိုကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးတစ်ရုံးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တရားစွဲဆို လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေ ပိုဆိုးသွားအောင် Facebook ပလက်ဖောင်းရဲ့ အယ်ဂိုရစ်သမ်က လုပ်ဆောင်ခဲ့တယ်လို့ လျှောက်ထားသူတွေက စွပ်စွဲထားပါတယ်။ ဒီကိစ္စကို ဒေသိယဘာသာစကား ကျွမ်းကျင်သူတွေ၊ နောက်ခံနိုင်ငံရေး နားလည်သူတွေနဲ့ မစစ်ဆေးခဲ့တဲ့အတွက် Facebook ကုမ္ပဏီမှာ တာဝန်ရှိတယ်ဆိုပြီး နစ်နာကြေးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် လျှောက်ထားတဲ့ဖြစ်ရပ်အတွက် တရားစွဲနိုင်တဲ့ နှစ်နှစ်သက်တမ်း ကျော်လွန်သွားပြီလို့ တရားရုံးက ဆုံးဖြတ်ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးကြားနာပေးဖို့ အမည်မဖော်လိုတဲ့ တရားလိုနှစ်ဦးက ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့က တရားရုံးတစ်ရုံးကို လျှောက်ထားခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Courthouse News သတင်းဌာနက ရေးသားဖော်ပြပါတယ်။

Photo – Screengrab from FB

ဆက်စပ် သတင်းများ

Most read