Homeပြည်တွင်းသတင်းဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူ မျိုးသွားလာခွင့် ယာယီကန့်သတ်ချက်အား UWSA ရုတ်သိမ်း

ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူ မျိုးသွားလာခွင့် ယာယီကန့်သတ်ချက်အား UWSA ရုတ်သိမ်း

မေ ၊၂၀၂၅

UWSA ထိန်းချုပ်ဒေသ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးသွားလာခွင့် ယာယီကန့်သတ်ချက်ကို ရုတ်သိမ်းပြီး ပုံမှန်အတိုင်းဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

ဗမာလူမျိုးဖြတ်သန်းသွားလာခွင့် ယာယီကန့်သတ်ချက်ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ကိုးကန့် ဒေသဖြစ်တဲ့ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်တွေအပြင် “ဝ” ဒေသမှာတော့ ဟိုပန် ဖောင်ဆိပ် တံတား နဲ့ ညီနောင်တံတားတွေမှာ ကန့်သတ်ထားခဲ့ရာကနေ “ဝ” ပြည်နယ် ဗဟိုဌာနချုပ်က မနေ့ မေလ ၃ ရက်နေ့မှာ ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ကိုးကန့်ဒေသ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့တွေမှာ ဗမာလူမျိုးတွေကို ပြီးခဲ့တဲ့ ဧပြီ ဒုတိယပတ်က စတင်ပြီး ဖြတ်သန်းသွားခွင့်ပိတ်ပင်လိုက်ကာ နေထိုင်ခွင့်စာအုပ်မရှိသူတွေ၊ သက်တမ်းမတိုးထားသူတွေကို ဖမ်းဆီးအရေးယူတာအပြင် နေရပ်ဆီကို ပြန်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

ဗမာလူမျိုးနေထိုင်ခွင့်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်တဲ့ ဖြစ်စဥ်တွေဟာ လားရှိုးကို စစ်ကောင်စီတပ်နဲ့ ကိုး ကန့်တပ်တို့ကြား လားရှိုးမြို့လွှဲပြောင်းတဲ့အချိန် ဧပြီ ၂၀ ဝန်းကျင်ထဲကဖြစ်ပွားခဲ့တာဖြစ်ပြီး အကြောင်း ရင်းမှာ ဒီလားရှိုးကို ပြန်လွှဲပြောင်းတဲ့ အချိန်ကာလမို့ဖြစ်တယ်လို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ – Wa News Land

ဆက်စပ် သတင်းများ

Most read