၂၄ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံး ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစပြီး ပိတ်သိမ်းသွားမယ် လို့ ဒီကနေ့မှာ တရားဝင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
သံရုံးပိတ်သိမ်းပြီးနောက် ကောင်စစ်ဝန်ဆောင်မှုအားလုံး ဖြစ်တဲ့ ပတ်စ်ပို့ကိစ္စတွေ၊ နေထိုင်ခွင့်လျှောက်လွှာဆိုင်ရာ နိုတြီထောက်ခံလက်မှတ်တွေ အပါအဝင် ကောင်စစ်ရေးလုပ်ငန်းတွေကိုတော့ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံး ကနေ ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
နေထိုင်ခွင့်လက်မှတ် (Residence Permit) လျှောက်ထားလိုသူတွေအနေနဲ့
[email protected] သို့မဟုတ် [email protected] အီးမေးလ်လိပ်စာတွေကို ဆက်သွယ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဗီဇာနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ဂျာမနီနိုင်ငံမှာရှိတဲ့ ဖင်လန်သံရုံး က ကိုယ်စားပြု ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခြား နိုင်ငံခြားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်သွယ်လိုပါက ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ရှိ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာ ဌာနကို တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။


