Homeပြည်တွင်းသတင်းဖေဖော်ဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ဖေဖော်ဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

၃ မတ်လ ၊၂၀၂၅

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါ (၆၄) ဦးအတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူ (၄၅) ဦး ရှိပြီး လက်နက်ယူဆောင် လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုး အလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း လက်နက် နဲ့ တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူတွေယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၄၄)လက် နဲ့ ခဲယမ်း မီးကျောက်များ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်း ခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သား နဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများ နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲအစည်းတွေ ကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း တိုက်တွန်း အသိပေးထုတ်ပြန်ထားပါတယ်။

Photo – NUG (MOD)

ဆက်စပ် သတင်းများ

Most read