Homeနိုင်ငံတကာသတင်းဖူးခက်ခရိုင်မှာ မြေပြိုပြီး မြန်မာ ၆ ဦး၊ ရုရှား ၂ ဦးအပါအဝင် လူဆယ်ဦး သေဆုံး

ဖူးခက်ခရိုင်မှာ မြေပြိုပြီး မြန်မာ ၆ ဦး၊ ရုရှား ၂ ဦးအပါအဝင် လူဆယ်ဦး သေဆုံး

၂၄ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၂၃ ရက်က ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင် Nakkred တောင်မှာ မြေပြိုကျပြီး လူဆယ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ မြန်မာနိုင်ငံသား ၆ ဦး၊ ရုရှားနိုင်ငံသား ၂ ဦး ၊ ထိုင်းနိုင်ငံသား ၁ ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ဆယ်ဦးမြောက်သေဆုံးသူကိုတော့ အချက်အလက်စုံစမ်းနေဆဲလို့ တယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။

ဒေသခံအာဏာပိုင်တွေက ရုပ်အလောင်းတွေကို ရှာတွေ့ထားပြီး မြေပြိုကျတဲ့နေရာတဝိုက်မှာ နေထိုင်တဲ့ အိမ်ထောင်စု ငါးစုက လူ ၂၅ ဦးကို ဘေးလွတ်ရာကို ရွှေ့ပေးထားပါတယ်။ Nakkred တောင် မြေပြိုပြီးနောက် ရေကြီးရေလျှံမှုနဲ့ ရွှံမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ကရွန်ခရိုင်ထဲက နေအိမ်တွေ နစ်မြုပ်သွားခဲ့ပါတယ်။ ပျက်စီးတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ပြီး လူနေရပ်ကွက်တွေကို ပြန်ပြီးရှင်းလင်းဖို့ ထိုင်းရေတပ် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

ဒီမြေပြိုမှုဟာ နေ့ချင်းညချင်းဖြစ်ပွားခဲ့တာလို့ ဖူးခက် လက်ထောက်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ဖို့ မြေပြိုမှု ဖြစ်တဲ့နေရာနားမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်ထားပြီး လူမှုကူညီရေးအဖွဲ့ အများအပြားက ဘေးသင့်တဲ့သူတွေကို ရှာဖွေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ လူအင်အားနဲ့ စက်ယန္တရားတွေကို သုံးပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ဖို့ မြေပြိုမှု ဖြစ်တဲ့နေရာနားမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်ထားပြီး လူမှုကူညီရေးအဖွဲ့ အများအပြားက ဘေးသင့်တဲ့သူတွေကို ရှာဖွေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ လူအင်အားနဲ့ စက်ယန္တရားတွေကို သုံးပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပုံစာ – ဖူးခက်ခရိုင်မြေပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် / ပုံ – PR Phuket 

ဆက်စပ် သတင်းများ

Most read