မန္တလေးတိုင်း မေမြို့က ဖုန်းဆိုင်တ ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေနဲ့ ဖုန်းလာဝယ်သူတွေကို အားလုံး ကို PDF ဆိုပြီး ဖမ်းလိုက်လို့ရတယ်လို့ ပြောဆိုခဲ့သူ စစ်တပ်က တပ်ကြပ်ကြီး စိုးဝင်းကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်တယ်လို့ ဖုန်းဆိုင်နဲ့ နီးစပ်သူတွေ ထံက နေ သိရပါတယ်။
ခြိမ်းခြောက်ခဲ့တဲ့ လူငယ်က သူမှာထားတဲ့ဖုန်းကို ဖုန်းဆိုင်ဝန်ထမ်းတွေက ပေးတာကို တခြားဖုန်းပေးတယ်ဆိုပြီး စိတ်ဆိုးတာကြောင့် အခုလို ပြောဆိုတာတွေ ဖြစ်ခဲ့တာလို့သိရပါတယ်။
ဖုန်းဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ဟာ စက်တင်ဘာ ၅ ရက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဖိုင်ဟာ တစ်တော့နဲ့ ဖေ့ဘုတ်ခ်မှာ ပျံ့နှံ့အပြီးမှာ စစ်တပ်ဘက်က အဲဒီအမျိုးသားကို စက်တင်ဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။


