Homeပြည်တွင်းသတင်းဖားကန့် ဆွတ်ဘွမ်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၂ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်း...

ဖားကန့် ဆွတ်ဘွမ်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၂ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေ

ဇူလိုင် ၂၀၂၅

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနဲ့ မှော်ဝမ်းလေးကျေးရွာကြားမှာရှိတဲ့ ဆွတ်ဘွမ်ကျေးရွာမှာ မနေ့က ဇူလိုင်၂ ရက် ညပိုင်းက စစ်ကောင်စီနဲ့ ဒေသတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တို့ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ ဒေသခံအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ၁‌၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အဲ့ဒီလို ထိခိုက်သေဆုံးရသူတွေဟာဆွတ်ဘွမ်ရွာဘုန်းကြီးကျောင်းကို စစ်ရှောင်နေတဲ့ ဒေသခံတွေဖြစ်ပြီး၊ဘုန်းကြီး ကျောင်းအတွင်း ဒရုန်းဗုံးကျရောက်ခဲ့ရာက‌နေ ထိခိုက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲ့ဒီဒရုန်းဗုံးဟာ ဘယ်အဖွဲ့က ဒရုန်းဗုံးဖြစ်တယ်ဆိုတာတော့ တိတိ ကျကျ မသိရသေးဘူးလို့ သိရပါတယ်။

“ဘုန်းကြီး‌ကျောင်းမှာ ဆွတ်ဘွမ်ကျေးရွာကသူတွေ တိုက်ပွဲတိမ်းရှောင်နေကြတာ။ကလေးငယ်တွေလည်းအများရှိနေတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မနေ့က ဇူလိုင် ၂ ရက် ည ၇နာရီခွဲအချိန်မှာလည်း မှော်စီစာကျေးရွာဘုရားကုန်းကနေ လက်နက်ငယ်ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ဆွတ်ဘွမ်ကျေးရွာနေပြည်သူတွေဟာ ဖားကန့်မြို့မှာရှိတဲ့ သဘာဝကျောက်လှိုဏ်ဂူ ဘုန်း ကြီးကျောင်းကို ထပ်မံတိမ်းရှောင်းနေကြရတယ်လို့ ဆိုပါတယ်။

ယခုနှစ် မေလပိုင်းကနေစပြီ ဖားကန့်မှော်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ် ကြောင်းထိုးလာခဲ့ပြီး နယ်မြေစိုးမိုးမှုများ လုပ်ဆောင်နေရာကနေ စစ်‌ကြောင်းထိုးတဲ့ လမ်းကြောင်းတစ်လျှောက်က ကျေး ရွာနေပြည်သူတွေဟာ နေအိမ်တွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

အဲ့ဒီလို တိမ်းရှောင်ကြရင်းနဲ့ လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲတာ၊ဒရုန်းကျည်ကျ‌ရောက်ပေါက်ကွဲတာ၊နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ရာကနေ ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရတာ သေဆုံးတာမျိုးတွေ ရှိနေတာလို့လည်း သိရပါတယ်။

ဖားကန့်ဒေသရဲ့ လက်ရှိ မြေပြင်တိုက်ပွဲ အခြေအနေဟာ စစ်ကြောင်းထိုးလှုပ် ရှားမှုရဲ့ လမ်းကြောင်းအတိုင်း ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ကြောင်း ဖြတ်သန်းရာ လမ်းကြောင်းက ကျေးရွာတွေအနေနဲ့ အတတ်နိုင်ဆုံး ဘေးလွတ်ရာကို တိမ်း ရှောင်ဖို့လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။

ပုံစာ- ဖားကန့် သဘာဝ‌ကျောက်လှိုဏ်ဂူ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲတိမ်းရှောင်သူတွေအတွက် ကျွေးမွေးဖို့ ပြင်ဆင်နေ (CJ)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး