Homeပြည်တွင်းသတင်းဖားကန့်မြို့ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းကို စစ်တပ်နဲ့ SNA ပိတ်ဆို့ထားတာကြောင့် ဆန်နဲ့ အခြေခံစားကုန်ပြတ်လပ်လာတဲ့အပြင် ဈေးနှုန်းတွေမြင့်တက်နေ

ဖားကန့်မြို့ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းကို စစ်တပ်နဲ့ SNA ပိတ်ဆို့ထားတာကြောင့် ဆန်နဲ့ အခြေခံစားကုန်ပြတ်လပ်လာတဲ့အပြင် ဈေးနှုန်းတွေမြင့်တက်နေ

ဩဂုတ် ၂၀၂၅

ဖားကန့်မြို့ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းကို စစ်တပ်နဲ့ သူတို့ရဲ့လက် အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) တပ်က ပိတ်ဆို့ဆဲဖြစ်တာကြောင့် ဒေသတွင်းမှာဆန်နဲ့ အခြေခံစားကုန်ပြတ်လပ်လာတဲ့အပြင် ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မိုးညှင်းခရိုင် အင်းတော်ကြီး-ဖားကန့်-ဂွေခါလမ်းပိုင်းကို ပိတ်ဆို့ထားတာဖြစ်ပြီး၊ ဖားကန့်ကိုဝင်ရောက်မယ့် ကုန်တင်ကားတွေကိုလည်း သွားလာခွင့်ကန့်သတ်ထားတာ‌ကြောင့် ကုန်ပစ္စည်းအချို့ကိုသာ ဆိုင်ကယ် ကယ်ရီနဲ့သယ်ယူခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

လက်ရှိဖားကန့် မြေပြင်အခြေအနေဟာ ထိတွေ့တိုက်ပွဲတွေ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် အပြစ်မဲ့ပြည်သူ့အသက်တွေ ဆုံးရှုံးနေကြရပါတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဒါအပြင် နှစ်ဘက်တပ် အသီးသီးက လက်နက်ရိက္ခာ အစုံအလင်နဲ့ စစ်ပွဲတွေ ဖန်တီးနေချိန်မှာ အခွန်ထမ်းပြည်သူတွေကတော့ ငတ်မွတ်ဆင်းရဲတဲ့ဘဝကနေ အသက်လုကာ ဒုက္ခ‌ပေါင်းစုံနဲ့နေရတာ ဟာ ပကတိမြေပြင်အခြေအနေမှန် ဖြစ်တယ်လို့ဆိုပါတယ်။

“လမ်းရှိလို့မှ သွားလာလို့ မရဘူး၊နေအိမ်ရှိတာတောင် နေထိုင်အိပ်စက်ခွင့်မရဘူး။ လျှပ်စစ်မီးကလည်းမရဘူး။လူနေမှုဘဝအခက်အခဲပေါင်းစုံပါဘဲဗျာ။အခြေခံစား သောက်ကုန်ဈေးနှုန်းကမြင့်လာတော့ အဘက်ဘက်က ဒေသခံတွေကျောကော့အောင် ခံကြရဦးမှာပါဘဲ။ပြည်သူလူထုအပေါ် သန္ဓမမှန်တဲ့ အဖွဲ့အစည်း အစုအဖွဲ့အားလုံး ခဏတာပဲ ရှင်သန်ပါလိမ့်မယ်မကြာခင် ချုပ်ငြိမ်းသွားကြမှာပါ။သမိုင်းအစဉ်အဆက် ကျဆုံးအဖွဲ့အစည်းတွေအားလုံး ပြည်သူ့ကျိန်စာ မိခဲ့ကြတာ လေ့ လာကြည့်ရင် သိနိုင်ပါလိမ့်မယ်”လို့ သူတဆက်တည်း ပြောပါတယ်။

ဒါအပြင် ဖားကန့်ဒေသအတွင်း ကြက်ဥတစ်လုံး ကျပ်သုံးထောင်နှုန်း ဈေပေါက်နေသလို ရှမ်းဆန်တစ်အိတ်ကို ကျပ်၂၈၀ ,၀၀၀ အထိပေးဝယ်နေရသော်လည်းလိုသလောက်ဝယ်ယူလို့ရတဲ့အခြေအနေမဟုတ်ဘူးလို့ သူကပြောပါတယ်။

ဒီလိုအခြေအနေပေါ်မှာ ဒေသတွင်းက ကုန်သည်တွေက ပစ္စည်းထုတ်မရောင်းချဘဲ သိုလောင်ထားကာ ပြတ်လပ်သည့်အခြေအနေပေါ်ကိုကြည့်ပြီး ဈေးတင်ရောင်းချတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး