၆ ဒီဇင်ဘာ၊၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးခဲ့တယ်လို့ နီးပါးသေဆုံးခဲ့တယ်လို့ KNUဗဟိုက ဒီဇင်ဘာ ၆ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင်အတွင်း နိုဝင်ဘာလ (၁)ရက်မှ (၃၀) ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၃) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်ဖက်စစ်ကောင်စီတပ်သား (၈၈) ဦး သေဆုံးကာ (၁၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ် စစ်သားတွေအတွင်း တပ်ရင်းမှူး (၁) ဦးနဲ့ ဒုတပ်ရင်းမှူး (၁) ဦး ပါဝင်ကြောင်း သိရှိရပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တော်လှန်ရေး ပူးပေါင်းတပ်တွေမှ အာဏာ စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စန်း နဲ့ မာထော စခန်း (၂)လုံးတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရ ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံးပြု ပစ်ကူပေးခဲ့ကာ စားနပ်ရိက္ခာတွေကို လည်း ပို့ဆောင်ပေးခဲ့တဲ့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုတွေနေထိုင်ရာ ကျေးရွာတွေအတွင်းကို လေကြောင်းနဲ့ ဗုံး (၁၆) လုံး ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ − မာထောစခန်းအား သိမ်းပိုက်ရရှိစဉ်တွင်း သိမ်းဆည်းရမိသော လက်နက်ကခဲယမ်းများ။
Photo – KNU