၁၄ ဒီဇင်ဘာ၊၂၀၂၄
ချင်းပြည်နယ် ဖလမ်းမြို့အတွင်း စစ်ကောင်စီတပ်တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့သွားလာမှု မလုပ်ကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဒီဇင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့အတွင်း ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေမှ Operation CB စစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲနေတဲ့ အချိန်ဖြစ်တာကြောင့် လုံခြုံရေးနဲ့ စစ်ရေးအခြေနေအရ မြို့တွင်းကို စစ်ဆင်ရေး တိုက်ပွဲဝင်သူတွေမှအပ မြို့ထဲကို ဝင်ထွက်သွားလာခွင့်မပြုတာ ဖြစ်တယ်လို့ဆိုပါတယ်။
အရေးပေါ်ကိစ္စနဲ့ ဖလမ်းမြို့ထဲ ဝင်ထွက်ဖို့ရှိရင်သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Photo – CNDF