Homeပြည်တွင်းသတင်းဖမ်းဆီးခံထားရတဲ့ မြန်မာသတင်းသမားတွေ အားလုံးပြန်လွှတ်ပေးဖို့ UK အစိုးရတောင်းဆို

ဖမ်းဆီးခံထားရတဲ့ မြန်မာသတင်းသမားတွေ အားလုံးပြန်လွှတ်ပေးဖို့ UK အစိုးရတောင်းဆို

မေ၊ ၂၀၂၅

မြန်မာပြည်သူတွေ သတင်းတွေ လက်လှမ်းမမှီနိုင်အောင် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ အားလုံးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ UK အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့မှာ ရန်ကုန်မှာ ရှိတဲ့ UK သံရုံးကနေ တဆင့် အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေ အလွန်ဆိုးရွားနေ ပြီးကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများတွေကို ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ရဲ့ စာရင်းတွေ အရ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းသမားည ၇ ဦးကို စစ်တပ်က သတ်ဖြတ်ထားပြီး သတင်းသမား ၄၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာအဆင့် ၁၆၉ မှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် အင်တာနက် ဆက်လက်ကန့်သတ်ထားခြင်းက လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အချက်အလက်တွေ စုဆောင်းရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေသလို အချိန်နဲ့တစ်ပြေးညီ ငလျင်တုံ့ပြန်ရေးတွေ ဆောင်ရွက်ရာမှာလည်း အဟန့်အတားဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓါတ်ပုံ – Reuters

ဆက်စပ် သတင်းများ

Most read