Homeပြည်တွင်းသတင်းပွင့်ဖြူမြို့နယ်နဲ့ စေတုတ္ထရာမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္ထရာမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

၁၈ ဩဂုတ်၊ ၂၀၂၄

မကွေးတိုင်း ပွင့်ဖြူမြို့နယ် နဲ့ စေတုတ္ထရာမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာ ၄ ရွာက ဒေသခံပြည်သူတွေ အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဩဂုတ် ၁၇ ရက် မနက်ပိုင်းက စပြီး ပွင့်ဖြူမြို့နယ် ရဲစခန်းကနေ အင်အား ၆၀ ကျော် နဲ့ စေတုတ္တရာမြို့နယ်အစပ် ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ပွင့်ဖြူမြိုနယ် ရေယာဉ်ရွာ ၊ စေတုတ္တရာမြို့နယ် မိုးညှင်းရွာ၊ ခိုနမ်းရွာနဲ့ ဝန်လိုရွာ ကပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲ့ဒီရွာတွေကို စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလည်း ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က စပြီး စစ်ကြောင်းတွေ ဝင်လာတယ်။ ရွာတွေဘက်ကို ပစ်တာခတ်တာတွေလည်းရှိတော့ ဒေသခံတွေ ထွက်ပြေးနေရတယ်။”လို့ ပွင့်ဖြူဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ် အနီးတစ်ဝိုက်မှာ စစ်ဆင်ရေးတွေဖြစ်လာနိုင်တဲ့အတွက် မဲဇလီရွာရဲစခန်းအနီးမှာ နေထိုင်ကြတဲ့ ပြည်သူများအား ရွေ့ပြောင်းကြဖို့ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းနဲ့ ပွင့်ဖြူမြို့နယ် PDF တွေက သတိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read