Homeနိုင်ငံတကာသတင်းပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာ မာဇု့ ပါဇက်ရှကင် အီရန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ

ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာ မာဇု့ ပါဇက်ရှကင် အီရန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ

တီဟီရန်၊ ဇူလိုင် ၇

ရွေးကောက်ပွဲရဲ့ နောက်ဆုံးမဲရလဒ်တွေ ထွက်လာအပြီးမှာတော့ ပြုပြင်ပြောင်းလဲရေးသမားလည်းဖြစ် နှလုံးခွဲစိတ်ပါရဂူ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ မာဇု့ ပါဇက်ရှကင် ဟာ ၂၀၂၄ခုနှစ် ဇူလိုင် ၆ရက်နေ့မှာ အီရန်နိုင်ငံရဲ့ နဝမမြောက် သမ္မတ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးသမား ပါဇက်ရှကင်ဟာ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီပြိုင်ဘက် ဆာအိ ဂျလေလီ ကို ကျော်ဖြတ်ကာ အီရန်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

မဲရေတွက်ပြီးတဲ့နောက် မဲဆန္ဒရှင် သန်း ၃၀ ကျော်ရဲ့ ၅၃ ဒသမ ၃ရာခိုင်နူန်းသောမဲတွေကို ဒေါက်တာ ပါဇက်ရှကင်က ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၈ ရက်ရွေးကောက်ပွဲ ပထမအကျော့မှာတော့ စစ်တမ်းတွေအရ မဲပေးသူ ၄၀ ရာခိုင်နူန်းအထိ နည်းပါးသွားခဲ့ ပြီးတဲ့နောက် ဒုတိယအကျော့ အရောက်ကြမှ မဲ့ဆန္ဒရှင် အရေအတွက် ပြန်တိုးလာခဲ့တာလို့ သိရပါတယ်။

ရှေ့က အီရန်သမ္မတတာဝန်ယူခဲ့တဲ့ အီဘရာဟင် ရိုင်စီဟာ ၂၀၂၄ မေလက ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့ပြီး သူနဲ့အတူ အခြားခုနစ်ယောက်ပါ သေဆုံးခဲ့ပြီးတဲ့နောက် အခု ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် နှလုံးခွဲစိတ်ဆရာဝန်လည်းဖြစ် အီရန်ပါလီမန်အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဒေါက်တာ ပါဇက်ရှကင် က မဲဆွယ်ကာလမှာ အီရန်နိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်ပြောဆိုခဲ့ပြီး စည်းလုံးညီညွတ်မှု ကို အဓိက ရှေ့တန်းတင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ဆက်စပ် သတင်းများ

Most read