Homeနိုင်ငံတကာသတင်းပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ Move Forward Party ကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ အမှုဆောင်တွေကို ဆယ်နှစ်...

ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ Move Forward Party ကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ အမှုဆောင်တွေကို ဆယ်နှစ် နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်

၇ ဩဂုတ်၊ ၂၀၂၄

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward Party ကို ဘုရင်စနစ်နှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ ဩဂုတ်လ ၇ ရက် ဒီနေ့ ညနေ ၃ နာရီမှာ ပါတီကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ ပါတီ အလုပ်အမှုဆောင် ၁၀ဦး ကို နိုင်ငံရေးလုပ်ခွင့် ဆယ်နှစ်ပိတ်ပင်လိုက်ပါတယ်။

ထိုင်းစံတော်ချိန် ညနေ ၃ နာရီမှာထုတ်ပြန်တဲ့ စီရင်ချက်မှာ MFP ဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ အဆက်မပြတ် ပြင်းပြင်းထန်ထန် လှုံ့ဆော်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင်စနစ်နဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ခဲ့တယ်လို့ တရားရုံးက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံး ရခဲ့တဲ့ MFP ပါတီဟာ လွှတ်တော်တွင်း အစိုးရ ဖွဲ့စည်းလို့မရအောင် တားဆီးခံခဲ့ရသလို ပါတီရဲ့ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး အဆိုပြုပြီး ရာဇဝတ်ကျင့်ထုံးကို ပြင်ဆင်ဖို့ကြိုးစားချက်တွေကြောင့် ခုံရုံးက ပါတီကို ဖျက်သိမ်းဖို့ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

“ဥပဒေပြင်ဆင်ရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လူထုရဲ့ထင်မြင်ယူဆချက်တွေက နိုင်ငံတော်လုံခြုံရေးကိုသိသိသာသာ ခြိမ်းခြောက်နေပါတယ်”လို့ တရားရုံးက ပြောကြားလိုက်ပါတယ်။

MFPက အဆိုပြုထားတဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ချက်တွေမှာ ဘုရင်မင်းမြတ်ရဲ့ တိုင်ကြားစာမှန်သမျှကို တော်ဝင်အိမ်တော် ဗျူရိုက တင်ပြရမယ်လို့ ပါ၀င်ပါတယ်။ လက်ရှိမှာ ဘယ်ပုဂ္ဂိုလ်ဘယ်အုပ်စုကမဆို တခြားသူတစ်ဦးကို တော်ဝင်အသရေဖျက်မှုနဲ့ တိုင်ကြားနိုင်ပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိနေပါတယ်။

လက်ရှိစီရင်ချက်မှာ ပုဒ်မ ၁၁၂ ကို ပြန်လည်ရေးသားဖို့ ကြိုးပမ်းမှုအားလုံးကို ရပ်ဆိုင်းဖို့နဲ့ ဥပဒေပြုရေးမဏ္ဍိုင်က ပုဒ်မကို ပြင်ဆင်ခြင်းမပြုဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read