Homeပြည်တွင်းသတင်းပြီးခဲ့တဲ့ ၇လတာအတွင်း လူနေအိမ် ၂၁၀၀၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar ထုတ်ပြန်

ပြီးခဲ့တဲ့ ၇လတာအတွင်း လူနေအိမ် ၂၁၀၀၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar ထုတ်ပြန်

၁၀ စက်တင်ဘာ၊ ၂၀၂၄

ပြီးခဲ့တဲ့ ၇ လတာအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ လူနေအိမ်ပေါင်း ၂၁၀၀၀ ကျော်ကို စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar က စက်တင်ဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတဘ်။

စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ ကောလင်း၊ ကလေး၊ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မန္တလေးတိုင်းအတွင်းက မြင်းခြံမြို့နယ်တွေဖြစ်ပြီး အိမ်ခြေ တစ်ထောင်နဲ့ ငါးထောင်ကြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ် ဧပြီ၊ မေနဲ့ ဇွန်လထဲမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ဘက်ပိုင်းက စစ်ကောင်စီ မီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်မီးလောင်ခဲ့တဲ့ ရွာ ၆ ရွာထိ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ လူနေအိမ်တွေကို အများဆုံး မီးရှို့ခံရပြီး ဒီနှစ်ထဲမှာ ရခိုင်ပြည်နယ်မှာလည်း မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် မြင့်တက်လာတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားတွေရဲ့ နေအိမ် တစ်သိန်းကျော် (၁၀၁,၄၆၃) လုံး ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ခုနစ်သောင်းကျော်ဖြစ်လို့ ၇၂ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အများဆုံး ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

ပုံစာ – ယခုနှစ်အစပိုင်းမှာ ကောလင်းမြို့ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးစဉ်

Photo – Data For Myanmar

ဆက်စပ် သတင်းများ

Most read