Homeအထူးသတင်းပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးသည်ဟုဆိုကာထိုင်းလွှတ်တော်ဖျက်သိမ်း

ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးသည်ဟုဆိုကာထိုင်းလွှတ်တော်ဖျက်သိမ်း

၁၂ ဒီဇင်ဘာ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူ (Anutin Charnvirakul)က ပါလီမန်ကို ဖျက်သိမ်းရန်အတွက် သောကြာနေ့တွင် တော်ဝင်ခွင့်ပြုချက် ရရှိခဲ့တယ်လို့ သိရပါတယ်။ လာမည့်နှစ် အစောပိုင်းတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ဝန်ကြီးချုပ် အနူတင်က ကြာသပတေးနေ့ ညနေပိုင်းတွင် ၎င်းရဲ့Facebook စာမျက်နှာ၌”ပြည်သူ့ထံ အာဏာကို ပြန်လည်ပေးအပ်လိုသည်”ဟု ရေးသားဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကို တော်ဝင်အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၄၅ မှ ၆၀ အတွင်း ကျင်းပရမည်ဖြစ်ပြီး ထိုကာလအတွင်း ဝန်ကြီးချုပ် အနူတင်သည် လုပ်ပိုင်ခွင့်အကန့်အသတ်ရှိသော အိမ်စောင့်အစိုးရအဖွဲ့ကို ဦးဆောင်ရမည်ဖြစ်သည်။

အနူတင်သည် လွန်ခဲ့သည့် စက်တင်ဘာလက လွှတ်တော်တွင် မဲအနိုင်ရခဲ့ချိန်၌ လေးလအတွင်း ပါလီမန်ကို ဖျက်သိမ်းပေးမည်ဟု ကတိပေးထားခဲ့သည်။ လက်ရှိ အနေအထားသည် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် နယ်မြေအငြင်းပွားမှုများကြောင့် အကြီးစားတိုက်ပွဲများ ဖြစ်ပွားနေသည့် ခက်ခဲသော နိုင်ငံရေးအချိန်အခါဖြစ်နေပြီး ပြည်သူ့ပါတီ (People’s Party) က အယုံအကြည်မရှိ အဆိုတင်သွင်းရန် ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး