ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသမှာ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာညီလင်းခ ဟာ စစ်ကောင်စီကို တိုက်ခိုက်ရင်း ကျဆုံးသွားတယ်လို့ သိရပါတယ်။
ဇွန်လ ၁၁ ရက် မနက် ၆ နာရီ ၃၀ အချိန်ခန့်မှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့အဖိနှိပ်ခံပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲအတွင်း ကျဆုံးသွားတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ – ဗလကသက ထုတ်ပြန်ထားပါတယ်။
ဗလကသအနေနဲ့ ကဗျာဆရာညီလင်းခ ကျဆုံးခြင်းအပေါ် မိသားစုဝင်တွေ၊ ရဲဘော်ရဲဖက်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး မပြီးပြတ်သေးတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ စစ်အာဏာရှင်ကျရှုံးရေးတိုက်ပွဲမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာထားပါတယ်။