စစ်မှုထမ်းဟောင်းတွေအနေနဲ့ “ပြည်သူ့စစ် မဟာဗျူဟာ” ကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ စစ်ရှုံးစစ်ကောင်စီရဲ့ ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
ဒီဗျူဟာကို အကောင်အထည်ဖော်နိုင်ဖို့ စစ်တပ်နဲ့ ပြည်သူကြားမှာ ခိုင်မာတဲ့ ပေါင်းစည်းအား ရရှိအောင် စစ်မှုထမ်းဟောင်းတွေအနေနဲ့ ဆက်ကြိုးစားပုံဖော်ပေးရမယ်လို့ဧပြီ ၃၀ ရက်က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) မှာပြောခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ တပ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒေကို အသက်သွင်းပြီး လူငယ်တွေကို စစ်တပ်ထဲပို့နေသလို စစ်မှုထမ်းဟောင်းတွေကိုလည်း တပ်ထဲ ပြန်လည်းခေါ်ယူနေပါတယ်။
တပ်ထဲပြန်ရောက်သွားတဲ့ စစ်မှုထမ်းဟောင်းတွေ ရှေ့တန်းကိုပို့ခံရပြီး သေဆုံးသွားသူတွေလည်းရှိတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရသိရပါတယ်။
“ပြီးခဲ့တဲ့နှစ်က စစ်မှုထမ်းဟောင်းစာရင်းတွေကောက်ပြီး တပ်ထဲပြန်ခေါ်တယ်။ အိမ်က အမျိုးသားက ၆၀ ကျော်ပြီ။ ပင်စင်ယူထားတာကလည်း ၂ နှစ်ပဲရှိသေးတယ်။ အခုပြန်ပါသွားတယ်။ တော်တော်များများက ပြန်ခေါ်တဲ့ထဲပါသွားတယ်။ ရှေ့တန်းကိုပို့ခံရတာများတယ်။ သိပ်မကြာဘူး ပျောက်သွားတယ်ဆိုပြီး စာရင်းထွက်လာတယ်။ အိမ်ကလူကြီးကတော့ ရှစ်မိုင်စစ်ရုံးမှာ လုံခြုံရေးကျနေတယ်”လို့ စစ်မှုထမ်းဟောင်းမိသားစုဝင်တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်တပ်ဟာ နိုင်ငံတော်နဲ့ပြည်သူအပေါ်ထားရှိတဲ့ စစ်မှန်တဲ့ သဘောထားတွေကို ပြည်သူတွေသိရှိဖို့ စစ်မှုထမ်းဟောင်းတွေကို မဲဆွယ်စည်းခိုင်းထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးပြီး စစ်တပ်ထဲပြန်ခေါ်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး