Homeပြည်တွင်းသတင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တပ်ဖွဲ့ဝင်များ ဈေးဝယ်ရင် ကျသင့်တန်ဖိုးလက်ခံပေးဖို့ နယ်မြေခံပြည်သူတွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေကို အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တပ်ဖွဲ့ဝင်များ ဈေးဝယ်ရင် ကျသင့်တန်ဖိုးလက်ခံပေးဖို့ နယ်မြေခံပြည်သူတွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေကို အသိပေး

၃၁ ဇူလိုင်၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)စစ်ရေးရုံးက အဆင့်ဆင့်သော စစ်သည်၊ စစ်မေတွေအနေနဲ့ မိမိတို့တပ်ဖွဲ့အခြေချတဲ့ နယ်မြေဒေသတွေမှာ တပ်ဖွဲ့အတွက်ဈေးဝယ်ရန် ကျသင့်တဲ့ ငွေကြေးတန်ဖိုးကို မဖြစ်မနေပေးချေပြီး ဝယ်ယူသုံးစွဲရန်နဲ့ နယ်မြေခံပြည်သူလူထုနဲ့ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ တန်ဖိုးအတိုင်း ရောင်းချပြီး ကျသင့်ငွေကို လက်ခံပေးဖို့ ဇူလိုင်လ ၃၀ရက်က ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ စဉ့်ကူးမြို့နယ်ကို သိမ်းပိုက် ထိန်းသိမ်းထားပြီး နယ်မြေခံ ပြည်သူလူထုဆီက ဈေးဝယ်ရာမှာ ပြည်သူတွေက ကျသင့်ငွေ တန်ဖိုးမယူဘဲ လက်ဆောင်ပေးတာမျိုးတွေ ရှိနေတဲ့အတွက် အခုလို ပန်ကြားရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက စစ်သည်များနဲ့ စစ်မေများကလည်း တပ်ဖွဲ့အခြေချတဲ့ နယ်မြေဒေသက ပြည်သူလူထုကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်များကို လိုက်လံ ရှင်းပြခြင်း ၊ ကြော်ငြာစာရွက်များကပ်ခြင်းတို့ကိုလည်း လုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read