Homeပြည်တွင်းသတင်းပြည်သူလူထု သတင်းသိရှိပိုင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဌာန်း

ပြည်သူလူထု သတင်းသိရှိပိုင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဌာန်း

၃၁ ဇူလိုင် ၂၀၂၅

ပြည်သူလူထု သတင်းသိရှိပိုင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီ ပြဌာန်းလိုက်တယ်လို့ မနေ့က ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန် လာပါတယ်။

အဲဒီဥပဒေမှာ VPN အပါအဝင် ပြည်သူတစ်ဦးချင်းရဲ့ သတင်းသိရှိပိုင်ခွင့်တွေကိုထိန်းချုပ်တဲ့ ဥပဒေ ပြဌာန်းချက်တွေပါ ဝင်လာတာဖြစ်ပါတယ်။

စစ်ကောင်စီ ပြဌာန်စလိုက်တဲ့ ဥပဒေအရ ပြည်သူတစ်သိန်းနဲ့အထက်အသုံးပြုနေတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ဖြစ်ရမယ့်အပြင် မှတ်ပုံတင်ခွင့်ပြုဖို့အတွက်လည်း သတ်မှတ်ချက်နဲ့အညီ ဦးစီးဌာနကို လျှောက်ရမယ်လို့ သိရပါတယ်။

ဒါဟာ အသုံးများတဲ့ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် (Facebook) ၊ တစ်တော့ခ် (Tiktok) လို ကုမ္ပဏီတွေပါ ပြည် တွင်းကိုမှတ်ပုံတင်ရမယ့်အခြေအနေဖြစ်ပြီး စစ်ကောင်စီကခွင့်ပြုမယ့် ဒီဂျစ်တယ် ပလက်ဖောင်းတွေကိုသာ အသုံးပြုခွင့်ရမယ့်အနေအထားလို့ နည်းပညာကျွမ်း ကျင်သူတွေက ပြောဆိုနေကြပါတယ်။

“အဓိကကတော့ Social Media တွေကိုသုံးပြီး သတင်းရယူနေတဲ့ ပြည်သူတွေကို တားစီးချင်တဲ့သဘောပေါ့။ ငါတို့ ပြောတဲ့ သတင်းပဲ ယူ၊ တခြား ပလက်ဖောင်းသုံးရင် အရေးယူမယ်ဆိုတာမျိုးပေါ့။”လို့ ပြည်တွင်းက နည်းပညာကျွမ်းကျင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ပိတ်ထားတဲ့ကွန်ရက်တွေကို ကျော်လွှားအသုံးပြုနိုင်ဖို့အတွက် သုံးစွဲကြတဲ့ Virtual Private Internet Network (VPN) ကိုလည်း ခွင့်ပြုချက်မရှိဘဲ ထူထောင်တာ ဒါမှမဟုတ် အသုံးပြုခဲ့ရင် ထောင်ဒဏ်‌ရော ‌ငွေဒဏ်ပါ ကျခံရ နိုင်တယ်လို့ သိရပါတယ်။

ချမှတ်မယ့် ပြစ်ဒဏ်တွေအရထောင်ဒဏ် ၁ လကနေ ၆ လ ဒါမှမဟုတ် ငွေဒဏ် ၁၀ သိန်းကနေ ကျပ်သိန်း ၁၀၀ ထက်မပို တဲ့ ပြစ်ဒဏ်အပြင် ဒဏ်နှစ်ရပ်လုံးကိုလည်း ချနိုင်တယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး