Homeပြည်တွင်းသတင်းပြည်သူတွေလုံခြုံရေးအတွက် လားရှိုးမြို့ ကို MNDAAက အထူးဒေသ(၁)က ရဲတွေ ထပ်မံစေလွှတ်

ပြည်သူတွေလုံခြုံရေးအတွက် လားရှိုးမြို့ ကို MNDAAက အထူးဒေသ(၁)က ရဲတွေ ထပ်မံစေလွှတ်

၂၉ ဇူလိုင်၊၂၀၂၄

လားရှိုးမြို့နေ ပြည်သူတွေလုံခြုံရေးအတွက် MNDAAက အထူးဒေသ(၁)ရဲတွေ ထပ်မံစေလွှတ်ထားပြီး မြို့နေပြည်သူများလုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် မြို့ခံတွေစစ်ရှောင်နေချိန် နေအိမ်တွေ ၊စျေးဆိုင်တွေကိုဖောက်ထွင်းခိုးယူမှု ပြုလုပ်နေသူ တွေရှိ တယ်လို့ ဒေသခံအချို့က အသိပေးတာကြောင့် ဒီကနေ့မှာ စတိုးဆိုင်တစ်ခုကို ဖောက်ထွင်းကာပစ္စည်းတွေ ယူဆောင်နေသူတွေကို တားဆီးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

လားရှိုးမြို့ ရပ်ကွက်(၇)မှာ လူအများ ကုန်ပစ္စည်းတွေ သယ်ဆောင်နေတာကို သံသဖြစ်ဖွယ်တွေ့ရှိလို့ စုံစမ်းခဲ့ရာ လားရှိုးမြို့ ရပ်ကွက်(၇) ၊ ၁၄ လမ်းရှိ နေအိမ်တစ်အိမ်ရဲ့ တံခါးသော့ကို အတင်းအဓမ္မဖောက်ထွင်းထားရာ ကုန် ပစ္စည်း အများအပြားရှိနေတာကို တွေ့ရှိရကြောင်း၊ လမ်းမှာတွေ့ရတဲ့ ကုန်ပစ္စည်းသယ်ယူသူ အားလုံးဟာ ယင်း အိမ်ပိုင် ကုန်ပစ္စည်းခိုးယူလုယက်ကြသူတွေဖြစ်ပြေး လမ်းမှာ ကုန်ပစ္စည်းသယ်ယူသူ လူဦးရေ (၃၀)ဦး ခန့်ရှိ တယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို တရားမဝင်ခိုးယူမှုကို ချက်ချင်းဟန့်တားကာ လုယက်သူတွေကို မောင်းထုတ်ခဲ့ကြောင်း၊ ကုန်ပစ္စည်း အမြောက်အမြားကို လမ်းဘေးသို့ ရွှေ့ထားပြီးဖြစ်ပြီး ရှေ့တန်းအလုပ်အဖွဲ့က ကုန်ပစ္စည်းတွေကို အိမ်ရှင်ထံ ပြန်ပို့ဖို့အတွက်ကူညီဖို့ အနီးနားရှိလူတွေကို ဆင့်ခေါ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး ယင်းလုယက်ခိုးယူမှုအပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေး ထားပါတယ်။

စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read