နိုင်ငံအနှံ့မှာနေ့စဉ်လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်တပ်ဟာ လေယာဉ်နှစ်စီးနဲ့ ရဟတ်ယာဉ်သုံးစီးကို နိုဝင်ဘာလ ၇ ရ က်၊ မနေ့က ထပ်ဖြည့်လိုက်ပါတယ်။
Y-8 လေယာဉ်နှစ်စီးနဲ့ Mi 38 ဘက်စုံသုံး ရဟတ်ယာဉ်သုံးစီး၊ စုစုပေါင်းငါးစီးကို ထပ်ဖြည့်လိုက်တာပါ။
အခု တပ်တော်ဝင်တဲ့ Y8-F200W နှစ်စင်း ဟာ ဒီနှစ် မေလနဲ့ ဇွန်လတွေမှာ တရုတ်ကနေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Mi 38 ဘက်စုံသုံး ရဟတ်ယာဉ် သုံးစီးကတော့ ရုရှားထုတ်ဖြစ်ပါတယ်။
Y8 လေယာဥ်အသစ်တစ်စီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ သန်း ၄၀ အထိ ရှိနိုင် ပြီး Mi 38 ဟာ အလတ်စားဘက်စုံသုံးရဟတ်ယာဥ် သုံးစီးရဲ့တန်ဖိုးကတော့ ဒေါ်လာ သန်း ၆၀ လောက်ရှိနိုင်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရနေကြပါတယ်။
ဓာတ်ပုံ-စစ်ကော်မရှင်


