ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေ ကြို တင်မဲပေးသူ နည်းနေတာကြောင့် ပုံစံ ၁၅ ဖောင်ဖြည့်ရမဲ့ ရက်ကိုထပ်တိုးထားတယ်လို့ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးတွေက အသိပေးထုတ်ပြန်ထားပါတယ်။
ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖောင်ဖြည့်စွက်ရမယ့် ရက်ကို အရင်က အောက်တိုဘာ ၆ ရက်နေ့အထိ နောက်ဆုံးသတ်မှတ်ထားရာကနေ အောက်တိုဘာ ၁၅ ရက်နေ့ အ ထိ ထပ်ပြီးတိုးလိုက်တာဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ သံရုံးတွေကလည်း ပုံစံ ၁၅ ဖြည့်စွက်လက်ခံမယ့် ရက်တွေကို ရက်ထပ်မံတိုးတယ်လို့ အသိပေးထားတာတွေကိုလည်း တွေ့ရှိရပါတယ်။
” စိတ်လည်းမဝင်စားဘူး။ ပေးလည်းမပေးဘူး။ စစ်တပ်အာဏာသိမ်းတာမကြိုက်လို့ ပြည်ပထွက်ပြီးတောင်အလုပ် လုပ်နေတာ။ ဘာ့အတွက်ကြောင့်မှပြည် ပရောက် မဲမရစေရဘူး”လို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက New Day Myanmar ကိုပြောပါတယ်။
ကြိုတင်ဆန္ဒမဲပေးတယ်ဆိုတာဟာ အသက်ဆိုင်ရာနိုင်ငံတွေရဲ့ မြန်မာသံရုံးတွေမှာ ပုံစံ ၁၅ ဖောင်ကိုတောင်းယူပြီး မဲပေးသူရဲ့ အချက်အလက်ကိုဖြည့်သွင်းကာ နိုင်ငံကူးလက်မှတ်မိတ္ထူနဲ့ပူးတွဲပြီး သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးတွေကို ပို့ရတာဖြစ်ပါတယ်။
စစ်ကော်မရှင်လုပ်မဲ့ ရွေးကောက်ပွဲအ တွက် ပြည်တွင်းက နိုင်ငံသားတွေတောင် မဲစာရင်းကြေညာထားတာကို သွား ရောက်ကြည့်ရှု့တာနည်းတာကြောင့် ရက်ထပ်ပြီး တိုးထားရပါသေးတယ်။
ဓာတ်ပုံ-MOI


