Homeပြည်တွင်းသတင်းပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူရမည်

ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူရမည်

၁၄ မတ် ၊ ၂၀၂၅

PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လက်ဝယ်ရှိနေပြီးသူများအနေနဲ့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ထပ်ပြီး ရယူဖို့လိုအပ်ကြောင်း သိရပါတယ်။

ပြည်ပမှာ လုပ်ကိုင်မယ့်သူများအနေနဲ့ အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပ နိုင်ငံများသို့ ပြန်လည်ထွက်ခွာမယ်ဆိုပါက စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကိုသတ်မှတ်စာရွက်စာတမ်းများနှင့်အတူ Online မှတစ်ဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်းမပြုရန်) ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ယူရမှာဖြစ်ပါတယ်။

လျှောက်ထားသူတွေကို စစ်ကောင်စီဝန်ကြီးဌာနအနေနဲ့ စိစစ်သွားမှာဖြစ်ပါတယ်။ ထွက်ခွာခွင့်ရသူများစာရင်းကို Safe Migration Telegram Channel မှာ ကြေညာပေးမည်ဖြစ်သလို သက်ဆိုင်ရာလေဆိပ်များသို့လည်း ပေးပို့သွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read