Homeပြည်တွင်းသတင်းပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ထားပေမယ့် ရုရှားကို MOU လုပ်သားများ စေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ

ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ထားပေမယ့် ရုရှားကို MOU လုပ်သားများ စေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ

၅ မတ်၊ ၂၀၂၅

ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ခွင့်ပိတ်ထားတဲ့ စစ်ကောင်စီအနေနဲ့ ရုရှားကို အလုပ်သမားစေလွှတ်ဖို့ စစ်ကောင်စီ စီစဉ်နေပါတယ်။

စစ်ကောင်စီအနေနဲ့ ရုရှားကို MOU လုပ်သား စေလွှတ်ဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး လာမယ့်ဧပြီမှာ စတင်စေလွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့်ပိတ်ထားသလို PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေလည်း ထွက်ခွာခွင့်မရဘူးလို့ သိရပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ တရားဝင်လိုင်စင်ရအေဂျင်စီတွေကစေလွှတ်မယ့်MOU လုပ်သားတွေကို OWIC ကတ်မထုတ်ပေးဘူးလို့ အေဂျင်စီတွေကဆိုပါတယ်။

ပြည်ပထွက်ခွာခွင့်‌တွေကို ပိတ်ထားပေမယ့် ရုရှားနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ပထမအသုတ်အနေနဲ့မြန်မာအလုပ်သမား ၁၀,၀၀၀ ခန့်ကိုစေလွှတ်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ ကုန်ထုတ်စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ပြည်ပအလုပ်သမားအေဂျင်စီလေးခုက ရုရှားကုမ္ပဏီတွေကနေ အလုပ်အကိုင်ကမ်းလှမ်းမှုတွေ ရရှိထားပြီးဖြစ်တဲ့အတွက် သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အေဂျင်စီဝန်ဆောင်ခ သို့မဟုတ် တခြား ကုန်ကျစရိတ်တွေ ပေးဆောင်စရာမလိုဘူးလို့ သိရပါတယ်။

ပုံစာ – ယခင်က ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားများစေလွှတ်ရန်စီစဉ်ခဲ့စဉ်က

ဆက်စပ် သတင်းများ

Most read