Homeနိုင်ငံတကာသတင်းပြည်ပက လာရောက်နေထိုင်လုပ်ကိုင်သူတွေအတွက် ဗီဇာကြေး မလေးရှားတိုးမြှင့်ကောက်ခံ

ပြည်ပက လာရောက်နေထိုင်လုပ်ကိုင်သူတွေအတွက် ဗီဇာကြေး မလေးရှားတိုးမြှင့်ကောက်ခံ

၁ စက်တင်ဘာ၊ ၂၀၂၄

မလေးရှားနိုင်ငံကို လာရောက်နေထိုင်လုပ်လုပ်ကိုင်မဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခ ဗီဇာကြေးကို စက်တင်ဘာ ၁ ရက်၊ ဒီနေ့ကစပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက တိုးမြှင့်ကောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင်းမှာ အလုပ်လုပ်ခွင့်ဗီဇာအတွက် အရင်က မလေးရှားရင်းဂစ်ငွေ ၈၀၀ ကနေ အခု ၂၀၀၀ အထိ တိုးမြှင့်လိုက်ပါတယ်။ ဒီဗီဇာဟာ မလေးရှားနိုင်ငံအတွင်း လပေါင်း ၆၀ အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်ဗီဇာခွင့်ပြုချက် ရထားသူတွေဟာ အိမ်ထောင်ဖက်နဲ့ အသက် ၁၈ နှစ်အောက် သားသမီးတွေကို ခေါ်ယူခွင့် လျှောက်ထားနိုင်တယ်လို့လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဆိုပါတယ်။ မှီခိုဗီဇာကြေးကလည်း တစ်ယောက်ကို မလေးရှားရင်းဂစ် ၄၅၀ ကနေ ရင်းဂစ် ၅၀၀ ပြင်ဆင်သတ်မှတ်ထားပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်လာလုပ်တဲ့ နိုင်ငံခြားသားပညာရှင်ကတော့ တစ်နှစ်ကို ဗီဇာကြေး ၁၂၀၀ ကျမှာ ဖြစ်ပါတယ်။ အရင်ဗီဇာကြေးဟာ ရင်းဂစ်ငွေ ၈၀၀ဖြစ်ပါတယ်။ ဒီဗီဇာက မလေးရှားနိုင်ငံမှာ တစ်နှစ်အထိ ခေတ္တနေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ ၆ လ အနည်းဆုံးနေထိုင်လို့ရတဲ့ အလည်အပတ် ဗီဇာကြေးကို ရင်းဂစ် ၄၅၀ ကနေ ၅၀၀ တိုးမြှင့်ထားပါတယ်။ ဒီဗီဇာ နဲ့ မလေးရှားနိုင်ငံသားတွေရဲ့ နိုင်ငံခြားသား အိမ်ထောင်ဖက်တွေဟာ နိုင်ငံအတွင်း ငါးနှစ်အထိ နေထိုင်ခွင့်ရပါတယ်။

ဆက်စပ် သတင်းများ

Most read