Homeပြည်တွင်းသတင်းပြည်ပကျူးကျော်စွက်ဖက်မှုကိုကာကွယ်ပေးဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေး အထောက်အပံ့တွေပေးဖို့ စစ်အာ ဏာရှင်ဟောင်း ဦးသန်းရွှေ တရုတ်ကို အကူအညီတောင်း

ပြည်ပကျူးကျော်စွက်ဖက်မှုကိုကာကွယ်ပေးဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေး အထောက်အပံ့တွေပေးဖို့ စစ်အာ ဏာရှင်ဟောင်း ဦးသန်းရွှေ တရုတ်ကို အကူအညီတောင်း

၁၅ ဩဂုတ်၊၂၀၂၄

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဥ် မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ ပြည်ပကျူးကျော်စွက်ဖက်မှုကိုကာကွယ်ပေးဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေး အတွက် အထောက်အပံ့တွေပေးဖို့ တရုတ်နိုင်ငံကို ဦးသန်းရွှေက တောင်းဆိုခဲ့တယ်လို့ တရုတ် သတင်းဌာန တစ်ခုဖြစ်တဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အထက်ဖော်ပြပါ အချက် ၂ ချက်ကို အဓိကဆွေးနွေးတောင်းဆိုပြီး ဝမ်ရိက အချက် ငါးချက်ကို အဓိကပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

တွေ့ဆုံမှုတွင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဆွေမျိုးပေါက် ဖော်ညီ အစ်ကိုလို ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို နှစ်နိုင်ငံ အစဉ်အမြဲချစ်ကြည်ရင်းနှီးစွာဆက်ဆံရင်း ငြိမ်းချမ်းစွာ အတူနေထိုင်ကြကြောင်း ဒါဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ လည်း မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နဲ့ ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ဖို့ အတွက် တန်ဖိုးရှိတဲ့အထောက်အပံ့တွေ ဆက်လက်ပံ့ပိုးကူညီ သွားဖို့ မျှော်လင့်ကြောင်း “ ပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောဆိုထားရမှာတော့ “ မိမိတို့အနေဖြင့် မြန်မာနိုင်ငံရဲ့ လွတ်လပ် မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံနဲ့ အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ် ကို လက်ကိုင်ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမယ်လို့ “ ဝမ်ရိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှာ ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပဖို့နဲ့၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ပြန်လည်စတင်ဖို့ ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံမှာ ပြည်ပအင်အား စုတွေ ဝင်ရောက်စွက်ဖက်မှုကို အခိုင် အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးတဲ့ ပြောဆိုပြုမူမှုတွေ ကို အခိုင်အမာ ဆန့်ကျင်ကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံရေးရဲ့ အရေးကြီးတဲ့နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနဲ့ အတူ တရုတ်-မြန်မာ အေး အတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်တွေ ပိုမိုရရှိ အောင် ဆောင်ရွက်သွားမယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Photo- Xinhua

ဆက်စပ် သတင်းများ

Most read