Homeပြည်တွင်းသတင်းပြည်ပကနေ စစ်ကိုင်းငလျင်သတင်းရယူမှာ စိုးရိမ်ပြီးစစ်ကောင်စီက နိုင်ငံခြားသား အားလုံးကို ဗီဇာ ယာယီပိတ်

ပြည်ပကနေ စစ်ကိုင်းငလျင်သတင်းရယူမှာ စိုးရိမ်ပြီးစစ်ကောင်စီက နိုင်ငံခြားသား အားလုံးကို ဗီဇာ ယာယီပိတ်

၈ ဧပြီ၊ ၂၀၂၅

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မြန်မာနိုင်ငံကို အလည်အပတ် လာရောက်မယ့် ဗီဇာ ကိုယာယီပိတ်ထားလိုက်ပါတယ်။

မြန်မာကို အလည်အပတ် Tourist Visa နဲ့ဝင်လာမယ့် နိုင်ငံခြားသား အားလုံးကို ဗီဇာ ယာယီပိတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိ Tourist Visa နဲ့ရောက်နေသူတွေလဲ သက်တမ်းကုန်တာနဲ့ ပြန်ရမှာဖြစ်ပြီး Business Visa ကိုတော့ခွင့်ပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ Tourist Visa ကိုပိတ်လိုက်တာဟာ ပြည်ပက သတင်းထောက်တွေ ငလျင်သတင်းရယူသွားမှာကို စိုးရိမ်တာကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေ သိရပါတယ်။

လက်ရှိမှာလည်း ပြည်ပကလာတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဓိကလုပ်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီကတော့ ငလျင်ဘေးဒုက္ခသည်တွေကိုတောင်အတင်းနေရာရွေ့ပြောင်းခိုင်းတာတွေ လုပ်ဆောင်တာမျိုးရှိနေပါတယ်။

ဆက်စပ် သတင်းများ

Most read