Homeပြည်တွင်းသတင်းပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့အမျိုးသားတွေ စစ်မှုထမ်းအသက်ကန့်သက်ချက်အကျုံးဝင်လို့ ပြန်ထွက်ခွင့်မရ

ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့အမျိုးသားတွေ စစ်မှုထမ်းအသက်ကန့်သက်ချက်အကျုံးဝင်လို့ ပြန်ထွက်ခွင့်မရ

မေ၊ ၂၀၂၅

ပြည်ပကနေခွင့်နဲ့ပြန်လာတဲ့ အမျိုးသားတွေဟာ စစ်မှုထမ်း အသက်ကန့်သတ်ချက်အကျုံးဝင်နေလို့ ပြည်ပပြန်ထွက်ခွင့်ပိတ်ထားတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေဟာ ပြည်ပကိုပြန်လည်ထွက်ခွာဖို့ OWIC ကတ်လျှောက်ထားရာမှာ ကန့်သက်ထားတဲ့ အသက် ၁၈ ကနေ ၃၅ နှစ် အသက် ကန့်သက်ချက်နဲ့ အကျုံးဝင်တယ်လို့ဆိုကာ ထွက်ခွာခွင့်ပိတ်ထားပါတယ်။

“ပြည်ပကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ပေးမထွက်ဘူးဆိုတာ သေချာသွားတာပေါ့။ သူတို့က ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ထားတာမရှိဘူး။ ပေးထွက်သလို မပေးထွက်သလိုနဲ့။ တရားမဝင်သွားတဲ့သူတွေ ပိုများလာနိုင်တယ်” လို့ ပြည်ပစေလွှတ်တဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး ပြည်ပသို့အလုပ်အကိုင်ဖြင့် ထွက်ခွာခွင့်မှုကို အပြီးပိတ်ပင် ထားသလို အလုပ်သမားစေလွှတ်မှုများကို ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ပြည်ပထွက်ခွာ အလုပ်လုပ်ဖို့ EC စာချုပ် ချုပ်ဆိုပြီး OWICကတ်ပြုလုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ အမျိုးသား၊ အမျိုးသမီး လုပ်သား ၁၀၀၀၀ ခန့်ရှိတယ်လို့ လိုင်စင်ရအေဂျင်စီတွေထံကနေ သိရပါတယ်။

ဓါတ်ပုံ – EPA

ဆက်စပ် သတင်းများ

Most read