Homeပြည်တွင်းသတင်းပြည်ထောင်စုဝန်ကြီး ဦးမင်းသူအပါ NLD အစိုးရလက်ထက် ဝန်ကြီးတချို့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအပါ NLD အစိုးရလက်ထက် ဝန်ကြီးတချို့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်

၂ မတ်လ ၂၀၂၆ | New Day Myanmar

NLD အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအပါ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ဟာ ဒီကနေ့ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

သူတို့အားလုံးဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး နောက်ပိုင်းမှာ မတရားပုဒ်မတွေ အသုံးပြုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်း (ခ) လင်းလင်း၊ သူမရဲ့အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့ မနွေးရတီတိုးတို့လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဗကသ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ကနဦးအတည်ပြုချက်အရ ဒီကနေ့မှာ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၂၄ ဦး လွတ်မြောက်လာခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး