မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရက်ကွက်ကြီး(၂)က လမ်းဘေးဓါတ်တိုင်ပေါ်တက်တဲ့ အမျိုးသားတဦး ဓါတ်လိုက်ပြီး မီးလောင်မှုတခု အောက်တိုဘာလ ၃၁ ရက်နေ့လယ် ၁၂ နာရီ ၁၂ မိနစ်မှာဖြစ်ပွားခဲ့ပါတယ်။
ဓါတ်လိုက်မီးလောင်မှုဖြစ်ပွားရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရလူနာကို ပြင်ဦးလွင်လူမှုကူညီရေးအသင်းယာဉ်နဲ့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံးကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


