Homeပြည်တွင်းသတင်းပြင်ဦးလွင်မှာ တိုက်ပွဲတွေဖြစ်လာရင် စစ်ရှောင်ဖို့ ဒေသခံတွေပြင်ဆင်နေ၊ မှောင်ခို ဓါတ်ဆီစျေး ၁ လီတာ ကျပ် ၁ သောင်းကျော်စျေးပေါက်

ပြင်ဦးလွင်မှာ တိုက်ပွဲတွေဖြစ်လာရင် စစ်ရှောင်ဖို့ ဒေသခံတွေပြင်ဆင်နေ၊ မှောင်ခို ဓါတ်ဆီစျေး ၁ လီတာ ကျပ် ၁ သောင်းကျော်စျေးပေါက်

၁၂ ဩဂုတ်၊ ၂၀၂၄

ပြင်ဦးလွင်မှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အတွက် ဒေသခံတွေက ကားတွေ၊ ဆိင်ကယ်တွေမှာ ဆီဖြည့်ပြီး ရှောင်ပြေးဖို့ အဆင်သင့်အနေအထားနဲ့ ပြင်ဆင်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီလိုပြင်ဆင်နေတာကြောင့် ဓါတ်ဆီ မှောင်ခိုစျေးကွက်ပေါ်ပေါက်လာပြီး ဓါတ်ဆီ ၁ လီတာကို မှောင်ခိုစျေးကွက် မှာ ပေါက်စျေး ၁ သောင်းလောက်နဲ့ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆိုင်တွေမှာတော့ ၁ လီတာ ၃ ထောင်ဝန်းကျင်နဲ့ရောင်းပေးတယ်။ အကန့်အသတ်နဲ့ရောင်းပေးတော့ လုပြီး တန်းစီဝယ်ကြတယ်၊ အဲ့တာကို အပြင်မှာပြန်ရောင်းတော့ ၁ သောင်းလောက်နဲ့ ရောင်းကြတယ်။ တန်းစီရတာကလည်း အကြာကြီးတန်းစီရတာပေါ့။”လို့ ပြင်ဦးလွင်မြို့ခံ တဦးက New Day Myanmar ကိုပြောပါတယ်။

ပြင်ဦးလွင်နဲ့ အနီးတ၀ိုက်ကို တော်လှန်းရေးတပ်တွေ ရောက်ရှိနေပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်ဩဂုတ်လ ၇ ရက်ကစပြီး ပြင်ဦးလွင်မြို့ကို နောင်ချိုဘက်ကလာတဲ့ကားတွေကို အဝင်မခံတော့ဘဲ တပ်တွင်းမှာ အနီရောင်အဆင့်နဲ့ လုံခြုံရေးသတိရှိဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

ပုံစာ – ပြင်ဦးလွင်မှာ ဓါတ်ဆီဝယ်ယူဖို့ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်

ဆက်စပ် သတင်းများ

Most read